ပွင့်ဖြူမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ရုံးပိတ်ရက်မရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်
Aug 18,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးက ကိုဗစ် - ၁၉ ကာလ ဖြစ်သော်လည်း မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်လိုသော ပြည်သူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ပန်းခင်းစီမံချက်ဖြင့် ရုံးပိတ်ရက်မရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းအား အခမဲ့ပြုလုပ်ဆောင်ရွက်ပေးနေကြောင်း အဆိုပါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးညွန့်ဝင်းထူး ထံမှ သိရသည်။