သတင်းများ

ပခုက္ကူမြို့ အာယုသုခဆရာတော်မှ ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့်ကျေးရွာ များသို့ရေလှူဒါန်း
Aug 18,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အာယုသုခဆရာတော် ဦးပညာဇောတမှ မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ ယနေ့နံနက်၉နာရီ အချိန်မှစတင်၍ သောက်သုံးရေ လှူဒါန်းခဲ့ကြောင်းသိရသည်။
ဆားလင်းကြီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါကအလျှင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိ
Aug 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ (မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ သစ်ပင်လဲ) ခြင်းနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျှင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးမှူးရုံး/စခန်းနှင့် နယ်မြေ မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများအသင့်စုဖွဲ့ထားရှိပါသည်။
အသက်၆၅နှစ်အထက်ဘိုးဘွားများနှင့်ပြည်သူ့များအား ကျေးရွာအရောက်ကွင်းဆင်း၍ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိ
Aug 18,2021
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် အသက်၆၅နှစ်အထက်ဘ်ိုးဘွားများကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံ​ခြင်းကို ယမန်နေ့နံနက် ၉ နာရီက တွံတေးမြို့နယ် ပဒန်ရေကျော်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွားများနှင့်အနီးပတ်ဝန်းကျင်ရှိကျေးရွာအုပ်စုများမှကျေးရွာများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ကိုထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထူးကြီးမြို့၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်ရေး စစ်ဆေးခြင်း ဆောင်ရွက်
Aug 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား သတ်မှတ် အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်ရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဧရာဝတီတိုင်းစီမံအုပ်ချုပ်ရေးကောင်စီမှ လေးမျက်နှာမြို့နယ် ကိုဗစ်စင်တာများရှိ ကိုဗစ်လူနာများအား နေ့လယ်စာ အဟာရလှူဒါန်း
Aug 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် COVID-19(Positive) လူနာများအတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ အာဟာရဒါနလှူဒါန်းမှုအား ပေးအပ်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံနှင့် အိုင်သပြု တိုက်နယ်ဆေးရုံတို့၌ ဆောင်ရွက်ခဲ့သည်။
သုံးခွမြို့နယ်၌ ကျေးရွာ(၆၀)ရှိ သံဃာတော်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူ့၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၁၅၅၀)လုံးကို လူဦးရေ (၃၁၀၀)အား ထိုးနှံပေး
Aug 18,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ် ကင်းစင်ပပျောက်နိုင်ရေးအတွက် သံဃာတော်များ၊ အသက် ၆၅ နှစ်အထက် ဘိုးဘွားများနှင့်ပြည်သူ့၀န်ထမ်းများအား  သိုက်တူးကန်ကျေးရွာရှိ အ.ထ.က ကျောင်း၊ ပျဉ်းမကန်ကျေးရွာ (တောင်ဖီလာဘုန်းကြီးကျောင်း)၊ ကံမြင့်ကျေးရွာ ခေမာကံမြင့် (သီလရှင်ကျောင်း)နှင့် ပုလဲကျေးရွာ အ.ထ.ကကျောင်းတို့တွင် ယမန်နေ့ နံနက် ၉နာရီခွဲ အချိန်က လေးနေရာခွဲ၍ တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စက်မှုဇုန်လုပ်သား(၄၂၆)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Aug 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၄)ရပ်ကွက်၊ စက်မှုဇုန်တွင် ယမန်နေ့ နေ့လယ် ၁၂:၃၀ နာရီ မှစတင်၍ စက်မှုဇုန်အတွင်းရှိ အလုပ်သမား (၄၂၆)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။