သတင်းများ

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 18,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅) နှစ်နှင့်အထက် အဘိုးအဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းမိသားစုဝင်များ၊ Volunteerများ အကျဉ်းသားများအား ရန်ကင်းမြို့နယ်အမှတ်(၁၄)ရပ်ကွက် မိုးကောင်းဘုရား စေတီဝင်းအတွင်းရှိအရိယာဓမ္မာရုံ၌ Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်-ရန်ကင်း ကိုဗစ်ကုသရေး ကုတင်(၁၀၀၀)စင်တာတွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာများအားလက်ခံကုသဆောင်ရွက်ပေးလျက်ရှိ
Aug 18,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အမှတ် ၁၄ရပ်ကွက်အတွင်းရှိ ရန်ကင်းပညာရေး ကောလိပ်၌ဖွင့်လှစ်ထားသော ရန်ကင်း Covid Care Center တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာများအား သြဂုတ်လ ၁၄ ရက်နေ့မှစတင်ပြီးလက်ခံကုသဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကံမမြို့နယ်သို့ အောက်ဆီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများထောက်ပံ့
Aug 18,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကံမမြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာများအတွက် အောက်ဆီဂျင်အိုးများနှင့်  ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ရာ         မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်ကိုထွန်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ယမန်နေ့ နေ့လယ်က လွှဲပြောင်းပေးအပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်
Aug 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယနေ့တွင် မြို့နယ်အရန်မီးသတ် တပ်ရင်းရုံး၌ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ဆေးဝါးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ဈေးနှုန်းမှန်ကန်မှု ရှိစေရေး၊ ဆေးဝါးပြတ်လပ်မှုမရှိစေရန် ကွင်းဆင်းစစ်ဆေး
Aug 18,2021
ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင် ကြံခင်းမြို့နယ်အတွင်းရှိ ဆေးဝါးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ဈေးနှုန်းမှန်ကန်မှုရှိစေရေး၊ ဆေးဝါးပြတ်လပ်မှုမရှိစေရန် ရည်ရွယ်ပြီး ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်၌ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဆေးဝါးများ ပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး
Aug 18,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလ ဈေးကွက်အတွင်း ကူးစက်ရောဂါကာကွယ်၊ ကုသရေး ဆေးဝါး၊ ပစ္စည်းများနှင့် အထောက်အကူ ပြုပစ္စည်းများ ပြတ်လတ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး တို့အတွက် ဆေးဝါးနှင့်ဆေးဝါးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေး ကြပ်မတ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲမှ ပြန်လည် လွှဲပြောင်းလာသော မြန်မာနိုင်ငံသားများအား နွေးထွေးစွာ လက်ခံကြိုဆို
Aug 18,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်စန်း ပြည်နယ်ခွဲထံမှ ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့်  ပြန်လည်လွှဲပြောင်း လာသော မြန်မာနိုင်ငံအတွင်းရှိ အရပ်ဒေသအသီးသီး ပြည်သူ (၂၉၁)ဦးတို့အား ယမန်နေ့ ညနေ ၆ နာရီတွင် မြစ်ကြီးနားမြို့၌ နွေးထွေးစွာ လက်ခံကြိုဆိုကြသည်။
လားရှိုးမြို့ရှိ သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်နှင့် စားသောက်ကုန် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်း
Aug 18,2021
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်၊ စားသောက်ကုန်လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က သီလရှင်ကျောင်းတိုက်များသို့ သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။