ဆီဆိုင်မြို့၌ (10)Litre Oxygen Concentrator တစ်လုံးလှူဒါန်း
Aug 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာများအတွက် အောက်ဆီဂျင်အရေးပေါ်လိုအပ်လာပါက အဆင်ပြေစွာ ကျန်းမာရေး စောင့်ရှောက် ကုသ ပေး နိုင်ရန် (10)Litre Oxygen Concentrator တစ်လုံးကို ယနေ့ နံနက် ၁၁နာရီခန့်က ဆီဆိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ စေတနာရှင်အလှူရှင် မိသားစုမှ လာရောက်လှူဒါန်းသည်။