ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံ
Aug 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့ နံနက် (၉)နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်မံထိုး နှံခဲ့ရာ စစ်ဗျူဟာအခြေချ (ခန္တီး) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များက ကြည့် ရှုအားပေးခဲ့ကြသည်။