သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ပခုက္ကူမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်တိုက်ကြီးများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ဆားများ ဆက်ကပ်လှူဒါန်း
Aug 19,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ပခုက္ကူမြို့၊ မဟာဝိသုတာ ရာမ(အလယ်) တိုက်ကြီး၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်၊ ဆီ၊ပဲ၊ ကြက်သွန်၊ ဆားနှင့်အာလူးတို့ကို ဩဂုတ် ၁၉ရက် နံနက် ၉ နာရီက ဆက်ကပ်လှူဒါန်းသည်။
မအူပင်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပြည်သူ့ဆေးရုံကြီးအတွက် ကိုဗစ်-၁၉ ကာကွယ်ကုသရေးပစ္စည်းများလှူဒါန်းပြီး ပုဂ္ဂလိကOxygenစက်ရုံနှင့်ကြက်မွေးမြူ ရေးခြံတို့အား သွားရောက်ကြည့်ရှုအားပေး
Aug 19,2021
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁နာရီခွဲ အချိန်က မအူပင်မြို့ အ.ထ .က (၁)ကျောင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို အားပေးကာ  မအူပင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ပြီး မအူပင်မြို့အမှတ်(၆)ရပ်ကွက် ရှိအလှူရှင် ဦးဉာဏ်ထွန်း(ခ)ဦးဒလစ်၏ Oxygen ထုတ်လုပ်ရေးစက်ရုံနှင့် ကြက်မွေးမြူ ရေးခြံအားသွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ဒေါပုံမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 19,2021
               ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉း၀၀)အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး‌အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅) နှစ်နှင့်အထက် အဘိုးအဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ ၊ နိုင်ငံဝန်ထမ်းမိသားစုဝင်များ၊ Volunteerများအား သတ်မှတ်စုရပ်နေရာတို့၌ Sinopharm  အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ဆေး (၈၇၂၆)ဦး ထိုးပြီးဖြစ်
Aug 19,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် မြို့တော်ခန်းမတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ဇူလှိုင်(၃၁)ရက်နေ့မှစတင်ပြီး  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျှက်ရှိရာ ဩဂုတ်(၁၉)ရက်နေ့အထိ (၈၇၂၆)ဦး ကာကွယ်ဆေးများ ထိုးပေးပြီးဖြစ်ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များမှ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန် ချက်များနှင့်အညီ စနစ်တကျ ရောင်းချနေမှု ရှိ/မရှိကို ယနေ့၊ နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်၊ရွာထင်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ဒုတိယနှစ်စက်ဝန်း ရန်ပုံငွေထုတ်ပေး
Aug 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဦးဌာနမှ ကျေးလက်နေပြည်သူများလူမှုစီးပွါး ဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၉ ရက်၊ နံနက် ၉ နာရီက ချောင်းဦး မြို့နယ်၊ ရွာထင်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယနှစ်စက်ဝန်း ရန်ပုံငွေထုတ်ပေး ခဲ့ကြောင်း သိရသည်။
ရန်ကုန်(ဝါးတန်း/ဒလ) ကားကူးဇက်(ယာဉ်ကူးတို့) ခရီးလမ်း၌ ကုန်စည်နှင့်မော်တော်ယာဉ်များအား နေ့စဉ်ပုံမှန်ပြေးဆွဲ
Aug 19,2021
ရန်ကုန် (ဝါးတန်း/ဒလ) ကားကူးဇက် (ယာဉ်ကူးတို့) ခရီးလမ်း၌ ခရီးသည်၊ ကုန်စည်နှင့် မော်တော်ယာဉ်များ ကူးသန်းသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ကားကူးဇက် ရေယာဉ်များဖြင့် အလှည့်ကျ ပြေးဆွဲပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ထားသော ရုံးပိတ်ရက်ရှည်ကာလများအတွင်း ကားကူးဇက်ရေယာဉ် ၁ စင်း ဖြင့် နေ့စဉ်ပိတ်ရက်မရှိ ပုံမှန်ပြေးဆွဲပို့ ဆောင်ပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ သိရသည်။
ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ ၇၉၁ ဦးအထိရှိလာ
Aug 19,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ အတည်ပြု လူနာများနှင့် ပိုးတွေ့အတည်ပြု သေဆုံးလူနာများလည်းရှိကာ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့် ရရှိသူ (၇၉၁ ) ဦးအထိ ရှိလာပြီဖြစ်ကြောင်း ယမန်နေ့ည‌နေ(၄:၀၀)နာရီအချိန်က မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။