ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျောက်တံခါးမြို့နယ်အတွင်း နေအိမ်ပြင်ပသို့ မထွက်ခွာစေရေးနှင့် နှာခေါင်းစည်း (Mask) စနသ်တကျမတပ်ဆင်သူများအား အသိပညာ ပေးစစ်ဆေး
Aug 19,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အား ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားမှုများပြား လာခြင်းကြောင့် Stay at Home မြို့နယ်အဖြစ် သတ်မှတ်ကြေငြာခဲ့၍ ပြည်သူများကိုဗစ်-၁၉ ရောဂါဘေးမှကင်းဝေးစေရန်အတွက် နေအိမ်အတွင်းနေထိုင်ကြရန် မဖြစ်မနေစျေးဝယ် ထွက်ပါ က တစ်အိမ်တစ်ယောက်သာ သွားလာရန်နှင့် ဆေးရုံဆေးခန်းသွားလိုပါက တစ်အိမ်နှစ်ယောက် သာ သွားခွင့်ပြု၍ အကြောင်းမဲ့နေအိမ်ပြင်ပ သွားလာသူများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသန္တရအမိန့်ညွှန်ကြားချက်များအား ပြည်သူ များမှ အလေးထားလိုက်နာဆောင်ရွက်ကြစေရန် မြို့နယ်အတွင်း အသံချဲ့စက်ဖြင့် လိုက်လံ ကြေငြာထားသော်လည်း ပြည်သူများမှ လိုက်နာဆောင်ရွက်မှုအားနည်းသဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးစစ်ဆေးခြင်းကို ယနေ့၊ နံနက်ပိုင်းကရန်ကုန်-