သတင်းများ

ကြံခင်းမြို့ တွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့များက ရေလယ်ကျွန်းကျေးရွာအုပ်စုနှင့် ထန်းတပင်ကျေးရွာအုပ်စုအတွင်းရှိ သဘာဝဘေးအခြေအနေများအား ကွင်းဆင်းကြည့်ရှု
Aug 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကြံခင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့များက ယမန်နေ့နံနက်(၁၀)နာရီအချိန်က ရေလယ်ကျွန်းကျေးရွာအုပ်စုနှင့် ထန်းတပင်ကျေးရွာအုပ်စုများသို့ သဘာဝဘေးအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး အလှူရှင်များကလှူဒါန်း
Aug 19,2021
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူရှင်များက အလှူငွေများကိုလှူဒါန်း လျက်ရှိရာ ယနေ့နံနက် ၉ နာရီက အလှူငွေပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အသိပညာပေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်တင်နှိုးဆော်
Aug 19,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အသိပညာပေးနှိုးဆော်ခြင်းအား မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွများ၊ လမ်းသွားလမ်းလာများသော နေရာများ၊ အများပြည်သူကြားနိုင်သောနေရာများတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးတုံ့ပြန်ရေးကော်မတီဝင်များက ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ပလောက်မြို့ စည်ပင်သာယာဈေးကြီးအတွင်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ၊မရှိကွင်းဆင်းစစ်ဆေး
Aug 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ စည်ပင်သာယာဈေးကြီးအတွင်း၌     ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ၊မရှိကို ယနေ့နံနက် ၇ နာရီခွဲက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ဒလမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 19,2021
ရန်ကုန်တိုင်းဒေသကြီး ၊ ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဆေးထိုးနှံရန်ကျန်ရှိနေသော ဒေသခံပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီ က တပင်ရွှေထီးရပ်ကွက် ဒလ-ဓနုတ် ကားလမ်းမကြီးဘေးရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်၍ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိသည်။ ပုံ- ယနေ့ နံနက် ၁၁ နာရီက ကာကွယ်ဆေးထိုးနှံပေးနေစဉ်။
ကာကွယ်ကုသရေးအတွက် ပစ္စည်းများလှူဒါန်းပြီး၊ အောက်ဆီဂျင်စက်ရုံဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး
Aug 19,2021
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နေ့လည် ၁၂နာရီက ကျိုက်လတ်မြို့ ကိုဗစ်-၁၉ ကာကွယ်ကုသရေးအတွက် ပစ္စည်းများလှူဒါန်းပြီး အောက်ဆီဂျင်စက်ရုံဆောက်နေမှုအား သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဂွမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် နေအိမ်အပြင် ထွက်ခွါခွင့် ကတ်ပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ
Aug 19,2021
ရခိုင်ပြည်နယ် သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် တားဆီးထိန်းချူပ် နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပသို့ထွက်ခွာ သွားလာသူများထံ နေအိမ်ပြင်ပထွက်ကတ် ပါရှိမှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းများတွင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကြံခင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့များက ရေလယ်ကျွန်းကျေးရွာအုပ်စုနှင့် ထန်းတပင်ကျေးရွာအုပ်စုအတွင်းရှိ သဘာဝဘေးအခြေအနေများအား ကွင်းဆင်းကြည့်ရှု
Aug 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကြံခင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့များက ယမန်နေ့နံနက်(၁၀)နာရီအချိန်က ရေလယ်ကျွန်းကျေးရွာအုပ်စုနှင့် ထန်းတပင်ကျေးရွာအုပ်စုများသို့ သဘာဝဘေးအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။