လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံနှင့် ကိုဗစ်စင်တာများတွင် အသုံးပြုရန် Oximeter များ လှူဒါန်း
Aug 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူရှင်များက အလှူငွေနှင့် ရောဂါ ကုသ၊ ကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် (မင်္ဂလာမိုး)ကမ္မဏီက အောက်ဆီဂျင် တိုင်းစက် Oximeter များ လာရောက်လှူဒါန်းခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီအဖွဲ့ထံက သိရသည်။