သတင်းများ

မင်္ဂလာဒုံမြို့နယ်တွင် အိမ်​ထောင်စု(၁၀၀)စုအတွက် အ​ခြေခံစားကုန်ပစ္စည်း (၅)မျိုး ကာလဒါနလှူဒါန်း
Aug 19,2021
                 ရန်ကုန်တိုင်း​ဒေသကြီး​၊​ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ရေး၊ ကုသ​ရေးနှင့် အ​ရေး​ပေါ်တုန့်ပြန်​ရေး​ကော်မတီ၏ လမ်းညွှန်မှုဖြင့်  ကိုဗစ်၁၉-​ရောဂါ ထိန်းချုပ်​ရေးနှင့် ကာကွယ်​ရေး အထောက်အကူပြု​ကော်မတီမှ မြို့နယ်အတွင်းရှိ လက်ရှိဖြစ်​ပေါ်​နေ​သော ကိုဗစ်-၁၉​ရောဂါ ကူးစက်ခံရမှု​ကြောင့် ပြည်သူများ လူမှု​ရေး၊ စီးပွား​ရေး၊ ကျန်းမာ​ရေး၊ မိသားစုစားဝတ်​နေ​ရေးအခက်အခဲများ ဖြစ်​ပေါ်​လျှက်ရှိ​သော ရပ်ကွက်များတွင် ကြိုတင်စာရင်း​ကောက်ယူပြီး​ သဒ္ဓါတရား ထက်သန်သည့် အလှူရှင်များနှင့် ချိတ်ဆက်ပြီးတတ်နိုင်သ​လောက် ​ဆောင်ရွက်​ပေးလျှက်ရှိရာ ယ​နေ့ တွင် ​ပေါက်ကုန်းရပ်ကွက်အတွင်းရှိ အိမ်​ထောင်စု​ပေါင်း(၁၀၀)စုအား  အ​ခြေခံစားကုန်(၅)မျိုး ဆန်၊ ဆီ၊ ကြက်ဥ၊​ ခေါက်ဆွဲ၊ ကြာဆံတို့ကို ရပ်ကွက်အပိုင် ရာအိမ်မှူးများမှတဆင့်​ (ကျော်မိသားစု၊ ဆိုနာလီကာ ထွန်စက်ကုမ္ပဏီလီမိတက်) ဦးကျော်စိန်​၊ ဒေါ်မန်းတို့က နံနက်ပိုင်းတွင် သတ္တမအကြိမ် ဝါဆိုသင်္ကန်းကပ်လှူ၍​ မွန်းလွဲ(၁)နာရီတွင် ပြည်သူများအတွက် သဒ္ဓါထက်သန်စွာဖြင့် ကျော်ကုမ္ပဏီ​ရှေ့တွင် လှူဒါန်းခဲ့​ကြောင်း သိရသည်။
ပခုက္ကူမြို့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်မှ အောက်ဆီဂျင် Plant တည်ဆောက်မည့်နေရာနှင့်အသားစားကြက်ခြံမွေးမြူရေးလုပ်ငန်းဆောင်ရွက်မှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 19,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည်  ပခုက္ကူမြို့နယ်အတွင်းရှိ အောက်ဆီဂျင် Plant တည်ဆောက်မည့်နေရာနှင့် အသားစားကြက်ခြံမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို  ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကဝမြို့၌ လူမှုကယ်ဆယ်ရေးအတွက်လေ့ကျင့်မှုများ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ပြုလုပ်
Aug 19,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မီးသတ်ဦးစီးဌာန၌ လူမှုကယ်ဆယ်ရေးအတွက် မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးစွမ်းရည် ပြည့်ဝနေစေရန် ယနေ့နံနက်(၈:၀၀)နာရီမှ(၁၀:၀၀)နာရီအထိ မီးသတ် စခန်းဝင်းအတွင်း၌ လေ့ကျင့်မှုများပြုလုပ်ခဲကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဆင်ပေါင်ဝဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက် ငွေနှင့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 19,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ ညနေပိုင်းက ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး မြို့နယ်ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် တွေ့ဆုံရာ ဆင်ပေါင်ဝဲမြို့နယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ငွေနှင့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၇/၂၀၂၁)ကျင်းပ
Aug 19,2021
တနင်္သာရီတိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၇/၂၀၂၁)ကိုယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေ့ဆုံပွဲ တက်ရောက်
Aug 19,2021
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများတွင် တင်ဒါလုပ်ငန်း ဆောင်ရွက်သူများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြသော တင်ဒါလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
သုံးခွမြို့နယ်၌ တစ်နေ့လျှင် အောက်ဆီဂျင်၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး အလုံး၁၂၀ဖြည့်တင်းနိုင်မည့် အောက်ဆီဂျင်ထုတ်စက်ရောက်ရှိ
Aug 19,2021
ရန်ကုန်တိုင်း‌ဒေသကြီး၊‌ တောက်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် လတ်တလောကိုဗစ်-၁၉‌ ရော ဂါတတိယလှိုင်း၌ ကိုဗစ်လူနာများနှင့်‌ အောက်ဆီဂျင်အသုံးပြု‌ နေရ‌သူများ၊ အောက်ဆီဂျင်လိုအပ်မှုအား အခက်အခဲမရှိလွယ်ကူအဆင်‌ပြေစွာ ရရှိအသုံးပြုနိုင်ရန် အတွက ်တရုတ်ပြည်သူ့သမ္မတနိုင်ငံမှမှာယူခဲ့‌သောအောက်ဆီဂျင် ထုတ်စက်သည် ရန်ကုန်ဆိပ်ကမ်းမှ တစ်ဆင့် သယ်‌‌ဆောင်လာပြီး ဘိုးဘွားရိပ်သာသို့‌ ယမန်နေ့နံနက်‌၉နာရီကရာက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၇ ဦး၊ ရောဂါသက်သာပျောက်ကင်းသူ ၁၂ ဦး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၃၇ ဦးရှိလာ
Aug 19,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကုတင် ၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့်တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာပျောက်ကင်းသူ ၁၂ဦး အား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၃၇ ဦးရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။