သတင်းများ

ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသောမိုးစပါးစိုက်ခင်းများအတွက် ပထမအကြိမ် မျိုးစပါး(၁၂၇၀)တင်း ထောက်ပံ့
Aug 19,2021
ကရင်ပြည်နယ်အတွင်း ဇူလိုင်လကုန်ပိုင်းခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ စိုက်ပျိုးပြီး မိုးစပါးဧကအချို့ ရေလွှမ်းမိုးခဲ့ပြီး ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများ အတွက် ယနေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပထမအကြိမ် မျိုးစပါး(၁၂၇၀)တင်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
မိုးနဲမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 19,2021
ရှမ်းပြည်နယ်‌(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်‌ရေး၊ ကယ်ဆယ်‌ရေးလုပ်ငန်းများ နှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်သည်။
မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ​ဆေးဆိုင်များအား မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်း စျေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မက်ရေးအဖွဲ့မှ လိုက်လံစစ်​ဆေး
Aug 19,2021
ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားရှိသော ဆေးဆိုင်များအား မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများဈေးကွက် စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ယနေ့ နံနက် ၁၁:၀၀ နာရီအချိန်ကကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်း​​ဆွေး​နွေးခြင်းနှင့်အလှူ​ငွေ​ပေးအပ်
Aug 19,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် ‌တုန့်ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း ​​ဆွေး​နွေးခြင်းနှင့်အလှူ​ငွေ​ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်၁၀နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်း အဝေး ခန်းမ၌ ကျင်းပသည်။
ကျိုက်လတ်မြို့နယ်တွင် စက်ရုံအလုပ်ရုံလုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Aug 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီ မှစတင်၍ ကျိုက်လတ်မြို့နယ်အတွင်းရှိ ဆန်စက်အလုပ်သမား (၆၉၈)ဦးအားပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့တွင် ဘေလီတံတားလေးစင်း ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး
Aug 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင်  ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်မှုကောင်း မွန်စေရေးနှင့် ဒေသတစ်ခုမှတစ်ခုသို့ စီးပွားကူးသန်းသွားလာရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြို့သစ်မြို့၊ လမ်းဦးစီးဌာနမှ ဘေလီသစ်သားတံတားများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိရာ ဩဂုတ်လ (၁၈)နေ့၊ တတိယအပါတ်က စတုတ္တမြောက်တံတားအဖြစ် မင်းသာကျေးရွာ၊ နန်းတီဆင်းတံတားအား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (Volunteer)များအတွက် ကျန်းမာရေးအာမခံ Premium ကြေးစာချုပ်များ လွှဲပြောင်းပေးအပ်
Aug 19,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်း (Volunteer) များအတွက် ကျန်းမာရေးအာမခံ Premium ကြေးစာချုပ်များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။