သတင်းများ

လှိုင်းဘွဲမြို့နယ် သမ္ဘာန်စိုက်ပျိုးနည်းပညာပေးရေး ရှေ့တန်းစခန်း၌ မိုးစပါးစုပေါင်းမြေဩဇာကြဲပက်
Aug 20,2021
အချိန်တိုအတွင်းလုပ်ငန်းပြီးစီး၍ တောင်သူအချင်းချင်း စိုက်ပျိုးနည်းပညာများ နှီးနှောဖလှယ်နိုင်စေရေး ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ သမ္ဘာန်စိုက်ပျိုးနည်းပညာပေးရေး ရှေ့တန်းစခန်းရှိ တောင်သူဦးကျောက်လုံးပါ(၃)ဦး၏ မိုစပါးဆင်းသုခမျိုးစပါးစိုက်ခင်း(၁၅)ဧက၌ ယနေ့ နံနက် ၈ နာရီခန့်က မိုးစပါးစုပေါင်းမြေဩဇာကြဲပက်ပွဲကို ကျင်းပသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ YGW ဘိုးဘွားရိပ်သာသို့ oxygen. Concentrator လှူဒါန်း
Aug 20,2021
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကျီစုကျေးရွာ၊ခိုကိုးရာမဲ့ အဘိုး၊ အဘွားများအတွက် ဖွင့်လှစ်ထားသော YGW ထာ၀ရဘိုးဘွားရိပ်သာတွင် ယမန်နေ့က ဦးဇော်မျိုးဦးနှင့်သား မောင်သီဟထွဋ်၏ မွေးနေ့အလှူ အဖြစ် oxygen concentrator တစ်လုံးလှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။
သာပေါင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "ပန်းခင်း"စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပေးအပ်
Aug 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာရှိ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)ခန်းမဆောင်တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "ပန်းခင်း"စီမံချက်အရ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃၄၄) ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း(၁၄၈)စောင် ပေးအပ်ပွဲ ကျင်းပခဲ့သည်။
ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံသို့ Oxygen Concentrator (၁)နှင့် ဆက်စပ်ပစ္စည်းများလှူဒါန်း
Aug 20,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်း အောက်ဆီဂျင်အထူးလိုအပ်နေသော လူနာများ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းမှ(၁၄)သိန်းခန့်တန်ဖိုးရှိ Oxygen Concentrator (၁) လုံးနှင့် ရွှေအသုတ်အောက်ဆီဂျင်အလှူတော်အဖွဲ့ဥက္ကဋ္ဌ(ဦးဝင်းနိုင်ဦး)နှင့် မိသားစုမှ 40 liter အောက်ဆီဂျင်အိုး(၉)လုံးနှင့်Flow Meter (၄)ခုတို့အား မြို့နယ်ပြည်သူ့ဆေးရုံသို့ ယနေ့နံနက် (၁၀)နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာအေးအေးလင်းမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်၌ မိုးစပါးနှင့် အခြားသီးနှံစုံ လျာထားစိုက်ဧကပြည့်မီစွာစိုက်ပျိုး
Aug 20,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်မြင်က၀ကျေးရွာအုပ်စုရှိ အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းတွင်ဒေသခံတောင်သူများက မိုးစပါးနှင့် အခြားသီးနှံစုံ လျာထားစိုက်ဧက ပြည့်မီစွာ စိုက်ပျိုးခဲ့ကြသည်။
ဟိုင်းကြီးကျွန်းမြို့တွင် လမ်းမကြီး နှင့် လမ်းကြားများတွင်စက်ဖြင့် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်
Aug 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်​ရေး အ​နေဖြင့် လမ်းမကြီးနှင့်လမ်းကြားများအား စက်ဖြင့် ပိုးသတ်ဆေးဖျန်း ခြင်းကို ယနေ့နေ့လယ် ၁၁နာရီ အချိန်တွင် အမှတ်(၁)ရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပုဏ္ဏားကျွန်းမြို့၌ စေတနာရှင်ပြည်သူများ စုပေါင်းထည့်ဝင် လှူဒါန်းမှုဖြင့်အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက်လျက်ရှိ
Aug 20,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရာတွင် အောက်ဆီဂျင် ပြတ်လပ်မှုအခက်အခဲမရှိစေရေးအတွက် ပုဏ္ဏားကျွန်းမြို့နယ် စေတနာရှင်များ စုပေါင်းထည့်ဝင် လှူဒါန်းမှုဖြင့် အောက်ဆီဂျင်စက်ရုံကို စစ်တွေ-ရန်ကုန် ကားလမ်းမကြီးဘေး၊ ဂူဝရေလှောင်တာတမံအနီးတွင် စတင် တည်ဆောက်လျက်ရှိသည်။