သတင်းများ

ကျိုင်းတုံမြို့သို့ တစ်နာရီလျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၄ လုံးထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရောက်ရှိ
Aug 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်နှင့် ဒေသအတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာများနှင့် အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် အောက်ဆီဂျင် လုံလောက်မှု ရှိစေရန်အတွက် တစ်နာရီလျှင် အောက်ဆီဂျင် ၄၀ လီတာအိုး လေးလုံး ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ အစီအစဉ်ဖြင့်ဝယ်ယူခဲ့ရာ ဩဂုတ် ၂၀ ရက် ညနေ ၅ နာရီခွဲက ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီး  အနောက်ဘက် တည်ဆောက်မည့်နေရာသို့ ရောက်ရှိခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စစ်တွေမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆန်အိတ် ၁၀၀၀ လှူဒါန်း
Aug 21,2021
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် ပြီး ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် သက်သာသောဈေးနှုန်းများဖြင့် စားသောက်ကုန်များ လှည့်လည်ရောင်းချ
Aug 21,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေ ချောမွေ့စေရန်နှင့် အဓိက စား​သောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဆန်၊ ဆီနှင့် ကြက်ဥများအား ​ရွေ့လျားမော်တော်ယာဉ်ဖြင့် ယနေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (၁)ရပ်ကွက်နှင့် (၂)ရပ်ကွက်တို့တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရ သည်။
မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ အခြေခံစားသောက်ကုန်များ လာရောက်လှူဒါန်း
Aug 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ၊ အခြေခံစားသောက်ကုန်များ၊ စားသောက်ဖွယ်ရာများကို စေတနာရှင် အလှူရှင် များက လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့မှ အောက်ဆီဂျင်ထုတ်စက်နှင့် ဆက်စပ်ပစ္စည်းများ သယ်ယူရန်အတွက် ကျိုင်းတုံမြို့သို့ ​မော်တော်ယာဉ်များထွက်ခွာ
Aug 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ လူနာများ အောက်ဆီဂျင် အလုံအလောက် ရရှိစေရန် စံလင်းဖြိုးကုမ္ပဏီမှ လှူဒါန်းသည့် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်နှင့် ဆက်စပ်ပစ္စည်းများ သယ်ယူရန်အတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ကျိုင်းတုံမြို့သို့ မော်တော်ယာဉ်များ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လူဦးရေ ၁၀၀၀ ကို ဆက်လက် ထိုးနှံပေး
Aug 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ယခု လတ်တလော ဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို စတုတ္ထအကြိမ်မြောက်ကို ယမန်နေ့က အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ရဟန်း သံဃာများ၊ ဝန်ထမ်းများ၊ စျေးရောင်းချသူများကို ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်နှင့်အညီ စုရပ် ၃ ခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ လူဦးရေ ၁၀၀၀ ဦးကို ကာကွယ်ဆေးကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမည့်လူဦးရေ (၉၄၀၃)ဦး ရှိသည့်အနက် လူဦးရေ(၃၄၄၈)ဦးထိ ထိုးနှံပြီးဖြစ်
Aug 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ၊ ရန်ကင်းမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်အထက် ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ အပါအဝင် လူဦးရေ (၃၄၄၈)ဦးအား သြဂုတ် ၁၉ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးသွားမည်
Aug 21,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် သြဂုတ်လ ၂၃ ရက်နေ့မှစတင်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။