သတင်းများ

ကန်ပိုက်တီမြို့တွင် ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် လှည့်လည် အသိ‌ ပေးခြင်း‌‌ဆောင်ရွက်
Aug 21,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့တွင်ကိုဗစ်-၁၉ကူးစက်မူ မြှင့်မားလာ သည့်အတွက် ပြည်သူများ ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ၀န်ထမ်းများမှ ကန်ပိုက်တီမြို့ မြို့ပေါ်ရပ်ကွက်အမှတ်( ၁ )၊(၂)၊‌(၃)တို့တွင် လိုက်လံအသိပညာ‌ပေးခြင်းကို ယ‌မန်နေ့ မွန်းလွဲ (၁)နာရီ ချိန်တွင်ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့် စုဖွဲ့ဆောင်ရွက်
Aug 21,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် သဘာဝဘေး အန္တရာယ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်ထိရောက်စွာ တုံ့ပြန် ကူညီဆောင်ရွက် နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ စုဖွဲ့လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask) နှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Aug 21,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ ညနေ ၄ နာရီက မြို့ဝင်/ထွက်ရှိ အုန်းချောင်းတံတားထိပ်၌ ဈေးရောင်း ဈေးဝယ်သူများ၊ လမ်းသွားလမ်းလာသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ လျော့ချစေရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ နှင့် ကြပ်မတ်စစ်ဆေး ဆောင်ရွက်
Aug 21,2021
မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ သံဖြူဇရပ်၌ Stay at Home ကာလအတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်း စည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ် ခြင်းကို ယမန်နေ့ ညနေ (၄) နာရီက မြို့အဝင်စည်ပင်သာယာရေးဂိတ်၌ ပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းရှိ/မရှိ ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိ
Aug 21,2021
မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ သံဖြူဇရပ်မြို့နယ်၌ Stay  at  Home ကာလအတွင်းကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်ပြင်ထွက်သူများ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီက မြို့အဝင် စည်ပင်သာယာရေးဂိတ်၌ ပြုလုပ်ခဲ့သည်။
မိုင်းယုမြို့ရှိ ဈေးဆိုင်များ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ လိုက်လံစစ်ဆေး
Aug 21,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ကုန်စုံဆိုင်၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ လိုက်လံစစ်ဆေးမှုကို ယမန်နေ့ညနေပိုင်းက မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့မှ လိုက်လံစစ်ဆေး ခြင်းများပြုလုပ်ခဲ့ကြသည်။
ပန်းတနော်မြို့တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီးစီး၍ အောက်ဆီဂျင်စမ်းသပ်ထုတ်လုပ်
Aug 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့ မြို့ကွက်သစ်ရပ်ကွက် ရန်ကုန်- ပုသိမ် ကားလမ်းရှိ လူမှုကူညီရေး အသင်းရုံးဘေးတွင် အောင်သပြေကုမ္ပဏီမှ လှူဒါန်းထားသည့် အောက်ဆီဂျင် စက်ရုံတည်ဆောက်ပြီးစီး၍ အောက်ဆီဂျင်စမ်းသပ်ထုတ်လုပ်နေမှုအား သြဂုတ်၂၀ ရက် မွန်းလွဲ ၃ နာရီက စမ်းသပ်ထုတ်လုပ်ခဲ့သည်။
သရက်ချောင်းမြို့ပေါ်ရှိ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊လက်ဖက်ရည်ဆိုင်နှင့် ကွမ်းယာဆိုင်များအား သတ်မှတ်ချက်များနှင့်အညီ စနစ်တကျရောင်းချမှု ရှိ / မရှိ ကွင်းဆင်းစစ်ဆေး
Aug 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ​ရောဂါ ကာကွယ်တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များမှ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့်ကွမ်းယာဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ စနစ် တကျရောင်းချနေမှုရှိ/ မရှိကို ယမန်နေ့နံနက် ၁၀နာရီခွဲအချိန်က  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။