သတင်းများ

ပန်းတနော်မြို့၌ အောင်သပြေ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံတည်ဆောက်ပြီးစီး၍ ဖွင့်လှစ်
Aug 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက် ရန်ကုန်- ပုသိမ်ကားလမ်းဘေး လူမှုကူညီရေးအသင်းရုံးတွင် တည်ဆောက်ထား​သည့် အလှုရှင်ဦးအောင်ထွန်း (အောင်သပြေကုမ္ပဏီ)မှလှူဒါန်း​သည့် အောင်သ​​​ပြေအောက်ဆီဂျင် စက်ရုံဖွင့်ပွဲအား ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့ရှိ ပိုးတွေ့လူနာစောင့်ကြည့်ရေးစင်တာများတွင် တာဝန်ထမ်းဆောင်ကြမည့် ပရဟိတ အဖွဲ့အစည်းများနှင့် Quarantine Center များတွင်တာဝန်ထမ်းဆောင်နေသော လူငယ် Volunteer များအတွက် ဒုတိယအကြိမ်သင်တန်းဖွင့်လှစ်
Aug 21,2021
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ ထားဝယ်မြို့ရှိပိုးတွေ့လူနာစောင့်ကြည့်ရေးစင် တာများတွင် တာဝန်ထမ်းဆောင်ကြမည့် ပရဟိတအဖွဲ့အစည်းများနှင့် Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော လူငယ် Volunteer များအတွက် ဒုတိယအကြိမ်သင် တန်းကိုယနေ့နံနက် ၉ နာရီ ကထားဝယ်မြို့၊ မြို့တော်ခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီး ကုတင် ၂၀၀ ဆံ့ရှိ ကိုဗစ်-၁၉ ကုသရေးဌာနတွင် ရောဂါသက် သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်းဆင်း ခွင့်ရရှိသူ ၃၅၂ ဦးအထိရှိလာ
Aug 21,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီး ကုတင် ၂၀၀ ဆံ့ရှိ အထူးကြပ်မတ်ဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့်တက်ရောက် ဆေးကုသမှု ခံယူနေသူများအနက် ရောဂါသက်သာပျောက် ကင်းသူ ၁၀ ဦးအား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ရာ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၅၂ ဦး ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။
မုံရွာမြို့နယ်တွင် အောက်ဆီဂျင်အိုးနှင့်Flow မီတာများ ပေးအပ်လှူဒါန်း
Aug 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကုသရေးအတွက် (၄၀) လီတာဆန့် အောက်ဆီဂျင်အိုးနှင့် Flow မီတာများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့ ညနေ(၃)နာရီက မုံရွာမြို့ စုပေါင်းရုံးခန်းမတွင် ပြုလုပ်ခ့ကြောင်းသိရသည်။
နောင်ချိုမြို့နယ်အတွက် လိုအပ်သော ၄၀ လီတာဆန့် အောက်ဆီဂျင်အိုးကြီး ၃၁ လုံး အရည်ဖြည့်ပြီး ပြန်လည်ရောက်ရှိ
Aug 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်းရှိ ကိုဗစ်စင်တာများရှိ ပိုးတွေ့လူနာများ အသုံးပြုရန် ၄၀ လီတာဆန့်အောက်ဆီဂျင်အိုးကြီး ၃၁ လုံး အရည်ဖြည့်ပြီး ယမန်နေ့က ပြန်လည်ရောက်ရှိလာကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။
ကျောက်ဆည်မြို့ မင်းရပ် ရပ်ကွက်တွင် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်း တူးဖော်ပေး
Aug 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် ကျောက်ဆည်မြို့ သန့်ရှင်းသာယာ လှပစေရေးအတွက် ရပ်ကွက်များ၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ် မြောင်းများ တူးဖော်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မင်းရပ်ရပ်ကွက်အတွင်းရှိ အ.ထ.က(၂) ကျောင်းလမ်း တွင် ယနေ့နံနက်ပိုင်းက ရေနုတ်မြောင်းတူးဖော်ပေးလျှက်ရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ ပညာရေးကောလိပ်ရှိ Positive လူနာဆောင်အား သွားရောက်ကြည့်ရှု
Aug 21,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှုးချုပ် နီလင်းအောင် ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် သြဂုတ် (၂၁) ရက် နံနက် (၁၀) နာရီက တောင်ကြီးမြို့ ပညာရေးကောလိပ်ကျောင်းတွင် ဖွင့်လှစ်ထားသော Positive လူနာဆောင်အား သွားရောက်ကြည့်ရှု စစ်ဆေးကြကြောင်းသိရသည်။
ပန်ဆောင်မြို့ အထက်ရပ်ကွက်တွင် သောက်သုံးရေ ရရှိရေးဆောင်ရွက်ပေး
Aug 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့အထက်ရပ် ကွက်တွင် တင်ဒါအောင်(မာလာတောင်)ကုမ္ပဏီအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ရပ်ကွက်နေပြည်သူများ သောက်သုံးရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်တန်း ခြင်းလုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း ၊ယခင်ကစိမ့်စမ်းရေများမှ ပိုက်များဖြင့်သွယ်ပြီး အသုံးပြုလျက်ရှိခဲ့ရာ (မာလာတောင်)ကုမ္ပဏီမှ ရေစုကန်ဖြင့် စနစ်တကျ အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ကုမ္ပဏီပိုင်ရှင် ဦးရူစံဂျူထံမှ သိရသည်။