သတင်းများ

ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် စုရပ် ၅ နေရာဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ. ထ.က ဒေါင့်ကြီး၊ ဝက်ချောင်းဘုန်းကြီးကျောင်း၊ အ.ထ.ကချောင်ကြီး တို့တွင် အသက် (၆၅)နှစ်အထက် ဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ မြို့မဈေး အတွင်း ရှိ ဈေးရောင်းချသူများအား ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်ကစ၍ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူပေါင်း (၁၀၆၇၉)ဦးထိရှိပြီဖြစ်
Aug 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊ ရွှေပြည်သာမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopham) ရရှိမှု လုံးရေမှာ (၉၂၂၅)လုံးဖြစ်ပြီး သြဂုတ်လ(၁)ရက်နေ့မှ(၂၁)ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၆၅နှစ်နှင့်အထက် ဘိုးဘွား(၃၂၆၅)ဦး ကျန်းမာရေးဝန်ထမ်း (၆၇)ဦး၊ Volunteer(၆၃၈)ဦး၊ သံဃာတော်၊ သီလရှင်(၇၂၀)ပါး၊ ဘိုးဘွားရိပ်သာ(၇)ဦး၊ အချုပ်သား (၂၃)ဦး၊ နိုင်ငံ့ဝန်ထမ်း (၆၂၁)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု (၄၅၈)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၈၆)ဦး၊ စက်ရုံဝန်ထမ်း (၄၆၃၁)ဦး၊ (ဟိုတယ်၊မိုတယ်၊တည်းခိုခန်း) ဝန်ထမ်း (၆၆)ဦး၊ သယ်ယူပို့ဆောင်ရေးဝန်ထမ်း   (၉၇)ဦး၊ စုစုပေါင်း (၁၀၆၇၉)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူကျေးလက်ကျန်းမာရေးဌာနတွင် မွေးစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ
Aug 21,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး ခြင်းကို ယမန်နေ့က မြိုင်ကြီးငူအထူးဒေသကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့တွင် နှာခေါင်းစည်း Mask မတပ်ဘဲ နေအိမ်ပြင်ပသွားလာသူ ၅၄ ဦးအား ယခုဝယ်ယခု တပ်ဆင်စေခြင်းဖြင့် အသိပညာပေးဆောင်ရွက်
Aug 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသွားလာသူ ၅၄ ဦးတို့အား ယခုဝယ် ယခုတပ်ဆင်စေခြင်းဖြင့် အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရာ၌ အဆင်မပြေမှုများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့်"Call Center" များဖွင့်လှစ်ထားရှိ
Aug 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သော ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ဖွင့်လှစ်ထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးများမှ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့် အညီအိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ် တစ်မျိုးမျိုး ထုတ်ပေးရေးကို (၃-၅- ၂၀၂၁ မှ ၃-၁၁-၂၀၂၂) ရက်နေ့အထိ ပန်းခင်းစီမံချက်ဖြင့် ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် အတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လေရှီးမြို့၌ တတိယအသုတ်(ပထမ အကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Aug 21,2021
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ ယနေ့နံနက် ၉း၀၀ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာ(၂)ခန်းမတွင် တတိယအသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဟိုပင်၌ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုး
Aug 21,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ တစ်အုပ်တစ်မ သစ်ပင် စိုက်ပျိုးပွဲကို သြဂုတ် ၂၁ရက် နံနက် ၁၀နာရီက ဟိုပင်မြို့ မြဇေယျာရပ်ကွက် မီးရထားရပ်၀န်းပြင်ပရှိ မြို့ပိုင်မြေကွက်လပ်၌ စိုက်ပျိုးကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် မြောင်းဝကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန်ကျီးပင်ပြိုလဲပြီး လူနေအိမ်(၂)လုံး နွားတင်းကုတ်နှင့်မီးဖိုဆောင်တစ်ခု ပျက်စီးကာ နွား(၂)ကောင်သေဆုံး
Aug 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စုရှိ မြောင်းဝကျေးရွာတွင် ယနေ့ နံနက်(၆:၁၅)နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှစ်သက်တန်း(၅၀)နှစ်ခန့်ရှိ မန်ကျီးပင် ပြိုလဲခဲ့ရာ၊ လူနေအိမ်(၂)လုံး၊ နွားတင်းကုတ်(၁)လုံးနှင့်မီးဖိုဆောင်(၁)ဆောင် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။