သတင်းများ

ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးကြပ်မတ်စစ်ဆေးခြင်းနှင့်အသိ ပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်
Aug 21,2021
မော်လမြိုင်ခရိုင်၊ ချောင်ဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကြပ်မတ်စစ်ဆေး ခြင်းနှင့် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ် အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် ယနေ့ နံနက်(၈)နာရီက မြို့အဝင်တံတားထိပ်၊ ကညှော်ကျေးရွာ၊ ဟင်္သာအဝိုင်း၊ သက္ကောကျေးရွာနှင့် ရွာလွတ်ကျေးရွာရှိ လမ်းဆုံများ၊ ကမ္ဘောဇဘဏ်ရှေ့တို့တွင်မြို့နယ်လုံခြုံရေး ကိုဗစ်-၁၉ စစ်ဆေး ရေးအဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ် ရေးမှူး၊ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ကြပ်မတ်စစ်ဆေး အသိပညာပေးမှုများကွင်း ဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် ၊ ကျိုက်ပိကျေးရွာအုပ်စုအတွင်းရှိ​ ဆေးဆိုင်များအား မြို့နယ်ဆေးဝါး နှင့်ဆေးပစ္စည်း စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ် မက်ရေးအဖွဲ့မှ လိုက်လံစစ်​ဆေး
Aug 21,2021
ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ၊ ကျိုက်ပိကျေးရွာအုပ်စု့ အတွင်းရှိ ဖွင့်လှစ်ထားရှိသော ဆေးဆိုင်များအား မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများဈေး ကွက် စောင့်ကြည့် စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ယနေ့ နံနက် ၁၁:၃၀ နာရီအချိန်ကကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ မိုးရာသီကာလ "ရေဘေးအန္တရာယ်" ရွေ့ပြောင်းကယ်ဆယ် ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြအခမ်းအနားကျင်းပ
Aug 21,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီမှဦးဆောင်ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်ထိရောက် စွာဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက်( ၈)နာရီအချိန်ကဘူးသီးတောင်မြို့ သင်္ဘောဆိပ်စု ရပ်နှင့် ပန်ဇင်းချောင်းတံတားအောက်စုရပ်ထားရှိ ကာ"ရေဘေးအန္တရာယ်" ရွေ့ပြောင်းကယ် ဆယ်ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Aug 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ၊သောကြာကျေးရွာအုပ်စု၊ ကျုံလှကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း (VDP)အရဖြင့် ကျေးလက်ရေပေးဝေရေးလုပ်ငန်းနှင့် ကျေးရွာကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင်နှင့် ဝန်ထမ်းများမှ ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
သာစည်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပ
Aug 21,2021
သာစည်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အောက်ဆီဂျင် လုံလောက်စွာရရှိနိုင်ရေးအတွက် အောက်ဆီဂျင်စက် ထားရှိနိုင်ရေး စက်ရုံတည် ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က သာစည်မြို့၊ အမှတ် (၁)၊ မင်းရန်နိုင်ရပ်ကွက်ရှိ စက်ရုံဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ဈေးဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကွင်း ဆင်းစစ်ဆေး
Aug 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ပြည်သူများစားသောက်ကုန်များ ဝယ်ယူရာတွင် အခက်အခဲမရှိစေရေးအတွက် ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိအား မြို့နယ်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စိစစ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီနှင့် ပူးပေါင်းအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခြင်းခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း မုန်းချောင်းအနီးကျေးရွာများ သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေး တာဝန်ရှိ သူများအဖွဲ့ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Aug 21,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် အတွင်း မုန်းချောင်း အနီးကျေးရွာများမှ ဒေသခံကျေးလက် နေပြည်သူများ မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးမောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေးဆေးဆိုင်များအား စစ်ဆေးခြင်းဆောင်ရွက်
Aug 21,2021
ကချင်ပြည်နယ် ၊ဗန်းမော်ခရိုင် မိုးမောက်မြို့တွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ဆေးဆိုင်များအား ဩဂုတ် ၂၁ ရက် နံနက် ၁၀နာရီခန့်တွင် လိုက်လံကြပ်မတ်စစ်ဆေးခဲ့ကြောင်းသိရသည်။