သတင်းများ

အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း(mask) Campaign ဆောင်ရွက်ခြင်းနှင့်အသိပညာပေးနှိုးဆော်ခြင်း
Aug 21,2021
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ရောဂါပျံ့နှံမှု မရှိစေရန်နှင့် ရောဂါကူးစက်မှုအား လျော့ချနိုင်စေရန် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့ပေါ် ရပ်ကွက်စျေးများ၊လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ယနေ့နံနက်၉နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားများ တက်ရောက်
Aug 21,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် သြဂုတ်(၂၁)ရက်၊ နံနက်ပိုင်းတွင် ချောင်းဦးမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ အသက် (၆၅)နှစ်အထက် အဘိုးအဘွားများ၊ ပြည်သူများနှင့် လူမူရေးအသင်း အဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား ကြည့်ရှု့စစ်ဆေးပြီးကာကွယ် ဆေးထိုးနှံ နေကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးနုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
တာချီလိတ်မြို့ ဂေါက်ကွင်းလမ်းပိုင်းအား ပြင်ဆင်မှုများပြုလုပ်
Aug 21,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်မြို့နယ်၊ဆန်ဆိုင်း(ခ)ရပ်ကွက်​ဂေါက်ကွင်းလမ်း ပျက်စီး နေမှုကို စည်ပင်သာယာရေးဌာနမှယ​နေ့နံနက်ပိုင်းက ပြင်ဆင်​မှုများပြုလုပ် ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။
မင်းလှမြို့နယ်ပြည်သူ့ဆေးရုံဝန်း၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်လျက်ရှိ
Aug 21,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကော်မတီတို့ပူးပေါင်း၍ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျိန္တလီမြို့ ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၂)ဦး ထပ်မံတွေ့ရှိ
Aug 21,2021
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါ သံသယလူနာ(၃)ဦးအား ကိုဗစ်-၁၉ Rapid Test Kit ဖြင့်စစ်ဆေးခဲ့ရာ(၂)ဦးတွင် ကိုဗစ်-၁၉ရောဂါ တွေ့ရှိရကြောင်း သိရသည်။
မဘိမ်းမြို့နယ်တွင် ကျေးရွာမြေငှားဂရံများ ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး
Aug 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကျေးရွာမြေငှားဂရံများ ထုတ်ပေးနိုင် ရေးအတွက် ယနေ့နံနက် ၁ဝ နာရီအချိန်ခန့်က ကုန်းမခံကျေးရွာ အကွက်အမှတ်-၁၅ ကုန်း မခံရွာမကွင်းတွင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မင်းဘူးခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Aug 21,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးတို့အတွက် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဆေးရုံဝန်ထမ်များနှင့် လူမှုရေး အဖွဲ့အစည်းများ စုပေါင်း၍ ယနေ့နံနက် ၇ နာရီခွဲအချိန်က ဆေးရုံးအတွင်း စုပေါင်းသန့်ရှင်းရေးများ လုပ်အားပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။