Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများအတွက် အလှူငွေပေးအပ်ခြင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ Volunteers များအား ဂုဏ်ပြုထောက်ပံ့ ပုသိမ်ပြည်သူ့ ဆေးရုံကြီး(၉)ထပ် တိုးချဲ့ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှု
Aug 21,2021
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ခြင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ Volunteers များအား ဂုဏ်ပြုထောက်ပံ့ခြင်း အခမ်းအနား ကို ယနေ့ နံနက်(၉)နာရီအချိန်က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင်(၃၆)ဦးမှ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများအတွက် ငွေကျပ်(၇၇,၆၅၅,၀၀ဝိ/-) တန်ဖိုးရှိ အလှူငွေနှင့် ရောဂါကာကွယ်ကုသရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းမှုကို လက်ခံရယူကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းအတွက် ထောက်ပံ့ငွေများ ထပ်မံပေးအပ်
Aug 21,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ် ရေးမှူးမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်း များတွင် ပါဝင် ဆောင်ရွက်နေသော မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းအနေဖြင့် သွားလာရေးနှင့် စားသောက် ရေး အဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေများ ထပ်မံပေးအပ်ခြင်းကို ယမန်နေ့ညက ပေးအပ်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၆၇ ဦးအား တောင်ကြီးမြို့မှနေရာဒေသ အသီးသီးသို့ ဆက်လက်ပို့ဆောင်
Aug 21,2021
လာအိုနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်ပြီး နေရပ်ဒေသအသီးသီးသို့ ပြန်ရောက်လာကြသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ ယနေ့ နံနက် ၇ နာရီခွဲ အချိန်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ (Taunggyi Business Center) တောင်ကြီးစီးပွားရေး ဇုန်၊ကားကြီးကွင်းသို့ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့သို့ တစ်ရက်လျှင် အောက်ဆီဂျင်အိုးအလုံး ၁၀၀ ထုတ်နိုင်သည့် အောက်ဆီဂျင်ထုတ်စက် ရောက်ရှိလာပြီဖြစ်
Aug 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက ကျိုင်းတုံ မြို့နယ်နှင့် ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် အောက်ဆီဂျင်လိုအပ်သော လူနာ များအတွက် အောက်ဆီဂျင် လုံလောက်မှုရှိစေရန်အတွက် ဝယ်ယူထားသည့် တစ်ရက်လျှင် အောက်ဆီဂျင် အလုံး ၁၀၀ ထုတ်နိုင်မည့်စက်ကို ယမန်နေ့ ညနေပိုင်းတွင် စက်ရုံတည်ဆောက် မည့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာပြီဖြစ် ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့ရှိ အိမ်ထောင်စု (၁၇၄၀) ထံသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အလှူရှင်များက ဆန်အိတ်ပေါင်း(၂၂၀) ထောက်ပံ့လှူဒါန်း
Aug 21,2021
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ချို့တဲ့အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန် အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ရှိ အိမ်ထောင်စု (၁၇၄၀) ထံသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အလှူရှင်များက ဆန်အိတ်ပေါင်း (၂၂၀) ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့တွင် ကိုဗစ်ကာလအတွင်း ဆွမ်းဘောဇဉ် အခက်အခဲဖြစ်နေသည့် ဘုန်းတော်ကြီး ကျောင်းများနှင့် စားဝတ်နေရေး ကြပ်တည်းနေသူများကို အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
Aug 21,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ဆွမ်း ဘောဇဉ် အခက်အခဲဖြစ်နေသည့် ဘုန်းတော်ကြီးကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်အချို့မှ စားဝတ်နေ ရေး ခက်ခဲကြပ်တည်းနေသူ အခြေခံလူတန်းစား သာမန်လက်လုပ်လက်စား ချို့တဲ့မိသားစုနေအိမ်များအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက Kyauk Phyu Youth အဖွဲ့မှ ပရဟိတ လူငယ်များမှ ၎င်းတို့၏ နေအိမ်များအရောက် သွားရောက်ကာ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တော်မြို့၌ ဆေးဝါးများ ပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်း စစ်ဆေး
Aug 21,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ကျောက်တော် မြို့နယ်အတွင်း၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ (COVID-19) ကူးစက်ပြန့်နှံမှုမှ အချိန်မှီ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ဆက်စပ်ပစ္စည်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ကွင်းဆက်ပြတ်တောက်မှု မရှိစေရေး၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ လူသုံးကုန် ဆေးပစ္စည်းအရောင်းဆိုင်များအား ယနေ့နံနက် (၉) နာရီက မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေး ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီး၊ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် တွေ့ဆုံမေးမြန်းခြင်း
Aug 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေ၊ အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်ထားရှိမှု၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကုသပေးနေမှု၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရအောင် ပြည်သူများလိုက်နာဆောင်ရွက်သွားရမည့် ဆောင်ရန်၊ရှောင်ရန်အချက်များ သိရှိစေရန် ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27346
Page
27347
Page
27348
Page
27349
Current page
27350
Page
27351
Page
27352
Page
27353
Page
27354
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department