သတင်းများ

ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များအား လိုက်လံနှိုးဆော်
Aug 22,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့အတွင်းရှိ ရပ်ကွက်များနှင့် လူစည်ကားရာနေရာများတွင် (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာခြင်း ရှိ/မရှိစစ်ဆေးခြင်းနှင့် အိမ်အပြင်ထွက်ကတ်ပါရှိမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Aug 22,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သွားလာခြင်း ရှိ/မရှိစစ်ဆေးခြင်းနှင့် နေအိမ် ပြင်ပထွက်ခွာခွင့်ကတ်ပြားများပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် (၇)နာရီက လမ်းဆုံလမ်းခွ နေရာများနှင့် ပြည်သူများသွားလာ မှုများသည့်နေရာများသို့ သွားရောက်၍ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ
Aug 21,2021
ကရင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲကို ဩဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ လှာကမြင် ကွက်သစ် ဂေါက်ကွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက် စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မြင်းမူမြို့နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှု
Aug 21,2021
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဩဂုတ်လ (၂၁)ရက်နေ့က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု့ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ခြင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ Volunteers များအား ဂုဏ်ပြုထောက်ပံ့ ပုသိမ်ပြည်သူ့ဆေးရုံကြီး(၉)ထပ် တိုးချဲ့ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်
Aug 21,2021
ဧရာဝတီတိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် အလှူငွေပေးအပ်ခြင်း နှင့် ကျန်းမာရေး ဝန်ထမ်းများ ၊ Volunteers များအား ဂုဏ်ပြုထောက်ပံ့ခြင်း အခမ်းအနား ကို ယနေ့နံနက်(၀၉၀၀) နာရီအချိန် က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ညဈေးတည်ဆောက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး မကွေး
Aug 21,2021
မကွေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးသန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက် ၈ နာရီအချိန်က မကွေးမြို့ ပြည်သူ့ဆေးရုံကြီးဝင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု ၄၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်
Aug 21,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲ မဖြစ်စေရေးအတွက် မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒ ကရုဏာရှင်များ နာမှုကူညီရေး အသင်းနှင့် မြို့မိ မြို့ဖများ ပူးပေါင်း၍ ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ စကားဝါလမ်းထောင့်နှင့် အင်ကြင်းလမ်းထောင့်ရှိ မြေကွက်တွင် အောက်ဆီဂျင်စက်ရုံ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိရာ
ကိုကိုးကျွန်းမြို့နယ် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် စားသောက်ကုန်များသယ်ယူပို့ဆောင်သည့် တပ်မတော်လေယာဉ် ရောက်ရှိ၊ ထွက်ခွာ
Aug 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ၊ ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများ ဆေးထိုးနှံနိုင်ရန်အတွက် ကိုဗစ်ကာကွယ် ဆေးအလုံး ၁၃၀နှင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ စားသောက်မှုအဆင်ပြေစေရန် ကုန်တန်ချိန်၄၅၀၀ကီလိုဂရမ်တင်ဆောင်‌သော တပ်မတော်လေယာဉ်သည် ယမန်နေ့နံနက် ၈နာရီ ၁၅မိနစ်တွင် မင်္ဂလာဒုံလေဆိပ်မှကိုကိုးကျွန်းမြို့နယ်လေဆိပ်သို့ ၉နာရီ၂၅မိနစ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။