ပုဇွန်တောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Aug 22,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင် ရေးအတွက်ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများ၊ ဒေသခံ ပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ပုဇွန် တောင်မြို့နယ်ရှိအ.လ.က(၃) ကျောင်းတွင်ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။