သတင်းများ

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ပြီး ဆောင် ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ လိုက်နာ‌​နိုင်ရေး အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်
Aug 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ​ရေဖြူမြို့နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူများထံ ပန်ကြားချက်ပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအား မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်အရ ရပ်ကွက်/ကျေးရွာနေ မိဘပြည်သူများသိရှိပြီး လိုက်နာစေရေးအတွက် ယမန်​နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်မှ ညနေ ၄ နာရီအထိ မြို့ပေါ်ရပ်ကွက်ရှိ လမ်းများ၊ ပိန်း‌ရှောင်၊ သစ်တိုထောင့်၊ ရလိုင်၊ ပုဂေါဇွန်း​ကျေးရွာများအထိ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လျော့နည်းလျက်ရှိ
Aug 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် သေဆုံးလူနာများလျော့နည်းလျက်ရှိပြီး၊ ယနေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၂၉၂)ဦးရှိကာ ၎င်းတို့အနက် ပြန်လည်ကျန်းမာ၍ ဆေးရုံဆင်းခွင့်ရရှိသူ (၂၀၃)ဦး နှင့် သေဆုံးသူ(၇၇)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီထံမှ သိရသည်။
မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ကိုဗစ်−၁၉ရောဂါ လူနာများအတွက် လိုအပ်သော သောက်ဆေးများ ဝယ်ယူဖြည့်တင်းပေး
Aug 22,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ကိုဗစ်−၁၉ရောဂါလူနာများအတွက် လိုအပ်သော သောက်ဆေးများကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ ကိုဗစ်−၁၉ရောဂါ ကုသရေးစင်တာတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်၊ ထိန်းချုပ်​ရေးအတွက် အသွားအလာကန့်သတ်ခြင်းများ ဆောင်ရွက်
Aug 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးနှင့်ရောဂါဖြစ်ပွားမှုလျော့ကျ စေရန်ရည်ရွယ်၍ ထားဝယ် မြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများက အသွားအလာကန့် သတ်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဝေါမြို့နယ်တွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာသစ် (၁၂) ဦးထပ်တိုး၊ စုစုပေါင်း ပိုးတွေ့သူ (၁၄၂၅) ဦး ရှိပြီဖြစ်
Aug 22,2021
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းအထိ မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ Test Kit (RDT) ဖြင့် ဝေါမြို့နယ် ကျန်းမာရေး ဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများမှ အဖွဲ့များခွဲ၍ ဝေါမြို့ပြည်သူ့ဆေးရုံ၊ သူရဲသူမိန်တိုက်နယ်ဆေးရုံ၊ မြစ်ကျိုးတိုက်နယ်ဆေးရုံနှင့် ဝေါမြို့နယ် Quarantine Center (၃) ခုရှိ အနံ့ပျောက်သံသယရှိသူ လူနာ (၁၃၇) ဦးအား Test Kit (RDT) ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာအသစ် (၁၂)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ဝေါမြို့နယ်တွင် ပိုးတွေ့သူ စုစုပေါင်း(၁၄၂၅) ဦးရှိပြီ ဖြစ်သည်။
ထားဝယ်မြို့တွင် Stay at Home နေထိုင်ရန် သတ်မှတ်ကြေညာ
Aug 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းသြဂုတ် ၂၁ ရက်နေ့မှစ၍ Stay at Home ဖြင့်နေထိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ တာဝန်ရှိသူများက လိုက်လံ၍ကြေညာလျက်ရှိသည်၊၊