သတင်းများ

ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် ပုသိမ်ကြီးမြို့နယ် ပရဟိတအသင်းသို့ လာရောက်အားဖြည့်ကူညီ
Aug 22,2021
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာရှိ မေတ္တာစေတနာရှင် လူမှုကူညီရေး အသင်းရုံးနှင့် အောက်စီဂျင် အခမဲ့ဖြန့်ဖြူးပေးသည့် အသင်းခွဲနေရာ ရွှေလှည်း tea garden သို့ အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်သည် ယနေ့ နံနက် ၉ နာရီက ရောက်ရှိပြီး အသင်းဥက္ကဋ္ဌနှင့် အသင်းဝင်အချိုအား တွေ့ဆုံ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအသိများ ပြန်လည်မျှဝေ ပြောကြားခဲ့သည်။
ကျောက်ပန်းတောင်းမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ သံသယရှိသူများကို RDT Test Kit ဖြင့် စစ်ဆေးရာ (၅)ဦးတွင် ရောဂါပိုးတွေ့ရှိ
Aug 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်(၉)နာရီမှ မွန်းလွဲ (၂)နာရီအထိ၊ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများကို RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကျား(၄)ဦးနှင့်မ(၁)ဦး ပေါင်း (၅)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သည်။
ဘားအံမြို့၌ စေတနာရှင်များလှူဒါန်းသည့် ကိုဗစ်-၁၉ အလှူငွေဖြင့် ဝယ်ယူသည့် Oxygen Mobile Plant ဘားအံမြို့သို့ ရောက်ရှိ
Aug 22,2021
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရထံသို့ စေတနာရှင်များလှူဒါန်းသည့် ကိုဗစ်-၁၉ အလှူငွေဖြင့်ဝယ်ယူသည့် Oxygen Mobile Plant သည် ဘားအံမြို့ အောက်ဆီဂျင် စက်ရုံတည်ရှိသည့် လှာကမြင်ကွက်သစ်သို့ ယနေ့နံနက်ပိုင်းက ရောက်ရှိကြောင်း သိရှိရသည်။
တကူတိုက်နယ်ဆေးရုံ၌ကိုဗစ်လူနာ(၅)ဦး ဆေးရုံမှဆင်း၊ လူနာသစ်(၁၁)ဦးထပ်မံတိုးသဖြင့် ကိုဗစ်လူနာ (၉၇)ဦးအထိရှိလာ
Aug 22,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ ဇီဝိတဒါနသံဃ ဆေးရုံသီးသန့်လူနာဆောင် နှင့် ဆေးရုံဝန်ထမ်းအိမ်ရာနှင့် အလက(ခွဲ) သံတိုက်ရွာ Positive Centre နှင့် အထက(ခွဲ) သာရဘွင် Positive Centre များအတွင်း ဆေးဝါးကုသမှုခံယူနေကြသည့် ကိုဗစ်ရောဂါပိုးတွေ့လူနာ(၉၁)ဦးအနက် ကျန်းမာရေးပြန်လည် ကောင်းမွန်သက်သာပြီး သတ်မှတ်ရက်ပြည့်ပြီဖြစ်သော လူနာ(၅)ဦးအား ယနေ့ နံနက် ၁၁ နာရီက တာဝန်ခံဆရာဝန်က ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိရောက်‌စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 22,2021
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများပြားလျက်ရှိသောကြောင့် မြို့နယ် အတွင်း ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဘားအံမြို့နယ်တွင် ၃.၈.၂၀၂၁ရက်နေ့မှစတင်ကာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပါဝင်သည့် စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ (၄)ဖွဲ့ဖြင့်ဖွဲ့စည်းပြီး မြို့တွင်းသွားလာမှုကို နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ သတ်မှတ်နေရာများ၌ စစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လှည့်လည်နှိုးဆော်
Aug 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ပျံ့နှံ့လျက် ရှိသည့်အတွက် ပြည်သူများကျန်းမာရေးလမ်းညွှန်ချက်များအား လိုက်နာ နေထိုင်ခြင်းဖြင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကိုဘယမန်နေ့ညနေ(၅)နာရီက မြို့ဌာနဆိုင်ရာများ ပူပေါင်း ဆောင်ရွက်ခဲ့ကြသည်။
မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက် ပွင့်သစ်စမှ ဘူတာအဆင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Aug 22,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် စျေးအရှေ့ပြင်ရပ်ကွက် ပွင့်သစ်စမှ ဘူတာအဆင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Aug 22,2021
မိုးတွင်းကာလများတွင် ပြင်ဦးလွင်မြို့၏ မိုးရွာသွန်းမှုသည် အဆက်မပြတ် ရွာသွန်းသဖြင့် မြို့တွင်းလမ်းများ ကောင်းမွန်စေရန် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ လမ်းပခုံးများနှင့် ကျောက်ခင်းလမ်းများ စသည့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။