သတင်းများ

ကျွန်းစုမြို့ သံသရာအေးစေတီတွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ပရိတ်တရားတော်များ ရွတ်ဆိုပူဇော်
Aug 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ သံသရာအေးစေတီတော် ရင်ပြင်တော်ရှိ ဓမ္မာရုံကြီး၌ ဝါခေါင် လပြည့် မေတ္တာအခါတော်နေ့ ယမန်နေ့ ညနေ ၃ နာရီ ၃၆ မိနစ်အချိန်က ဆရာတော် သံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဆိုချီးမြှင့်ခဲ့ကြသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် ကြောင်ဒူးကျေးရွာ မြေသားရေကန် တူးဖော်မှုလုပ်ငန်း(၉၅)ရာခိုင်နှုန်းပြီးစီး
Aug 23,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဆုံရွာကျေးရွာအုပ်စု၊ကြောင်းဒူးကျေးရွာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသာ၊ မြေသားရေကန်တူးဖော်ပြီးစီးမှုအခြေ အနေများကို၊ ယနေ့ နံနက်(၁၀)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် အင်ဂျင်နီယာအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကန့်ဘလူမြို့မစျေးတွင် ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ လိုက်နာရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မစျေးတွင် ဖွင့်လှစ်ရောင်းချ နေသော စျေးသူစျေးသားများ ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ လိုက်နာရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များသည် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးကောင်းမြင့်သူ၊ မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ ဦးစိုးလွင်၊ မြို့မစျေးတာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့သို့ မန္တလေးမြို့ မြသုခ လူမှုကူညီရေးအသင်းမှ အောက်စီဂျင် အခမဲ့ ဖြန့်ဝေပေး
Aug 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း အောက်စီဂျင် လိုအပ်နေသော ဒေသခံပြည်သူများကို မန္တလေးမြို့ မြသုခ လူမှုကူရေးအသင်းမှ လာရောက် ၍ ယနေ့ နံနက် ၈ နာရီးအချိန်တွင် မေတ္တာရှင် လူမှုကူးညီးရေးအသင်းမှ အခမဲ့ ဖြန့်ဝေပေးကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသုံးဦး ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သဖြင့် ဆေးရုံ ဆင်းခွင့်ရသူ ၇၀ ဦးရှိလာ
Aug 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဩဂုတ် ၂၂ ရက်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသုံးဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ပြုလိုက်သဖြင့် ဆေးရုံမှဆင်းခွင့်ရသူ စုစုပေါင်း ၇၀ ဦးအထိ ရှိလာကြောင်း သိရသည်။
မိုင်းယုမြို့၌ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေး
Aug 23,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့ ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့က တာကြန့်ကျေးရွာအုပ်စု၊ နမ့်နော်(အောက်)ရွာသို့ ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြသည်။
မေတ္တာမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေးအတွက် အသွားအလာကန့်သတ်ထားမှုများအား လိုက်နာဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက်
Aug 23,2021
တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင် ၊ မေတ္တာမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ  ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ရောဂါဖြစ်ပွားမှုလျော့ကျစေရေးအတွက် အသွားအလာကန့်သတ်ခြင်းများ လိုက်နာဆောင်ရွက်မှုရှိမရှိကို ယနေ့နံနက်က ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ကျိုင်းတုံခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများနှင့် ရောဂါကာကွယ်ရေးသုံးပစ္စည်များလှူဒါန်း
Aug 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်  အလှူရှင်များက အလှူငွေများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့က ကျိုင်းတုံခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် ရန်ပုံငွေ ရှာဖွေရေးအဖွဲ့ထံ လှူဒါန်းခဲ့ကြောင်းသိရသည်။