တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ဩဂုတ်လအတွက် အငြိမ်းစားများအား ပင်စင်လစာပုံမှန်ထုတ်ပေးလျက်ရှိ
Aug 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်တွင် ၂၀၂၁-ခုနှစ်၊ ဩဂုတ်လ နိုင်ငံတော်မှအလုပ်ပိတ်ရက်များအတွင်း (၂၃)ရက်နေ့ ဘဏ်များပြန်လည်ဖွင့်လှစ်၍အငြိမ်းစားများအား ပင်စင်လစာငွေ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့ မွန်းလွဲ၂ နာရီအချိန်အထိ အငြိမ်းစားဝန်ထမ်း(၇၃)ဦးအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်လမ်းများနှင့်အညီ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်(ခွဲ)မှ သိရှိရသည်။