သတင်းများ

မိုင်းလုံမြို့တွင်ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စု၊လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းအတွက်ဆက်သွယ်ရန် Call Center ဖွင့်လှစ်
Aug 23,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသားများ နှင့်ဥပဒေအရ နိုင်ငံသားများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး အတွက် (၃-၅-၂၀၂၁) ရက်နေ့မှ (၃-၁၁-၂၀၂၁) ရက်နေ့ အထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။
တကောင်းမြို့တွင် ဒေသခံပြည်သူ (၁၁၂၂)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပြီးစီး
Aug 23,2021
မန္တလေးတိုင်းဒေကြီး၊ ပြင်ဦးလွင်ခရိုင်၊တကောင်းမြို့ရှိ အသက်(၆၅)နှစ်နှင့် အထက် အဘိုးအဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ရဟန်းသံဃာတော်များ သီလရှင်များနှင့် ဆေးထိုးရန်ကျန်ရှိဝန်ထမ်းများ အား အမှတ်(၁)ရပ်ကွက်ရှိ သီရိဇေယျာခန်းမ၌ သြဂုတ်လ ၁ ရက်နေ့မှ စ၍ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
ရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 23,2021
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ရွာသစ်မြို့တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မောက်မယ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်း
Aug 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း သံဃာတော်များ ရောဂါကူးစက်မှု မရှိစေရန်နှင့် ဆွမ်းကိစ္စများ အဆင်ပြေချောမွေ့စေရေးအတွက် ရည်ရွယ်၍ ဆရာဒါယကာကျောင်း သတ်မှတ်ထားသည့် မိုက်ဟုန်းရပ်ကွက်ရှိ မိုက်ဟုန်းဘုန်းတော်ကြီးကျောင်းကို မြို့နယ် သစ်တောဦးစီးဌာနက ယမန်နေ့တွင်လည်းကောင်း ဟိုလွိုင်ကျေးရွာအုပ်စု ဟန်နားကျေးရွာ နားလွယ်ဘုန်းတော်ကြီးကျောင်းကို မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့်  စဉ့်ဝင်ကျေးရွာအုပ်စု ၊ ရွာသစ်ကျေးရွာဘုန်းကြီး ကျောင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံမှဝန်ထမ်းများက စုပေါင်း၍ လှူဒါန်းဖွယ်ဝတ္ထုပစ္စည်းများအား ယနေ့နံနက် ၉နာရီက သွားရောက်ဆက်ကပ်  လှူဒါန်းခဲ့ကြသည်။
ပြည်ကြီးမဏ္ဍိုင်၌ အခြေခံစားသောက်ကုန် အရောင်းဆိုင်များနှင့် စျေးရောင်း/စျေးဝယ်သူများ သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာရေး ကွင်းဆင်းအသိပေး
Aug 23,2021
တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ပြန့်နှံ့လျက်ရှိရာ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် အခြေခံစားသောက်ကုန် အရောင်းဆိုင်များနှင့် စျေးရောင်း/စျေးဝယ်သူများ သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး ကွင်းဆင်း အသိပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီတွင် ပြည်ကြီး မဏ္ဍိုင်ရပ်ကွက်၊ လေညာအရှေ့၊ အနောက်ရပ်ကွက်တို့တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖောင်းပြင်မြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်၍ လူနေအိမ်များသို့ ရေများဝင်ရောက်
Aug 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရပ် ကွက်နှစ်ရပ်ကွက်ရှိ မြေနှိမ့်ပိုင်းတွင်နေထိုင်ကြသည့် ပြည်သူတို့၏ နေအိမ်ခြံ ဝင်းအတွင်းသို့ ရေဝင်ရောက် မှုများဖြစ်ပေါ်လျက်ရှိပြီး ကျေးရွာအချို့တိုမှာလည်း ရေဝင်ရောက် မှုများဖြစ်ပေါ်နေကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အောက်ဆီဂျင်စက်နှင့် အောက်ဆီဂျင်အိုး များ သွားရောက် လွှဲပြောင်းပေးအပ်လှူဒါန်း
Aug 23,2021
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်ကို အပြည့်အဝရရှိစေရန်ရည်ရွယ်၍ နန်းတော်ရှေ့ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဥတ္တရ မှ ဦးဆောင်၍ ယမန် နေ့ နံနက်ပိုင်းမှစတင်ပြီး အောက်ဆီဂျင်စက်နှင့် အောက်ဆီဂျင်အိုးများကို ကျေးရွာများအရောက် သွားရောက်လွှဲပြောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည် ။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်းစား၀န်ထမ်းများအား ပင်စင်လစာများထုတ်ပေး
Aug 23,2021
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ၊မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို ယနေ့ နံနက် (၇)နာရီမှ စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်းစား၀န်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။