သတင်းများ

နောင်တရားမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားပေးအပ်
Aug 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြ စို့” ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အစီအစဉ်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ် ရေးကတ်ပြားများပြုလုပ်ပြီး ယနေ့နံနက်ပိုင်းတွင် ကျေးရွာများကိုယ်စားလှယ်များထံသို့ ပေးအပ်သည်။
မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော
Aug 23,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ တွင်ဖွင့်လှစ်ထားသော ယာယီတိုက်ပွဲရှောင် စခန်းများရှိ ကျေးရွာအသီသီးမှ လာရောက်ခိုလှုံနေ ကြသော တိုက်ပွဲရှောင်စခန်းများသို့သွားရောက်ပြီး ယနေ့ နံနက် ၈ နာရီက မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ တပ်ဖွဲ့ဝင်များမှ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ကာ မိုင်းအန္တရာယ်အသိ ပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
ကသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အောက်ဆီဂျင်စလင်ဒါအိုးနှင့် PPE ဝတ်စုံများလှူဒါန်း
Aug 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ဩဂုတ်လ(၂၂)ရက်နေ့က Wilmar International Limited မှ ကသာမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကသာမြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အောက်ဆီဂျင်စလင်ဒါအိုးနှင့် PPE ဝတ်စုံများ ပေးအပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။
ပုံပါကျင်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းကွင်းဆင်း ဆောင်ရွက်
Aug 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ် ပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁၀၀၇)​နယ်ခြား စောင့်တပ်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းပြားမြို့၌ Covid – 19 ကူးစက်မြန်ရောဂါကြောင့် ရပ်နားထားရသည့် ရွှေပြည်တန်အမြန်ယာဉ် ပြန်လည်ပြေးဆွဲမည်
Aug 23,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ယခုလက်ရှိဖြစ်ပွားနေသော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကြောင့် ခေတ္တရပ်နားထားရသည့် ရွှေပြည်တန်အမြန်ယာဉ်သည် မနက်ဖြန် ဩဂုတ်(၂၄)ရက်နေ့မှ စတင်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မင်းပြား-စစ်တွေ ၊ စစ်တွေ-မင်းပြားသို့ နေ့စဉ်ပုံမှန် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ဖား​ဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ အသိပညာ​ပေးပိုစတာများ ချိတ်ဆွဲခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်​ဝေ
Aug 23,2021
ကယားပြည်နယ်​ ဘောလခဲခရိုင် ဖား​ဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှုများအား ထိန်းချုပ်နိုင်ရန် အတွက် နှာ​ခေါင်းစည်း(Mask)များ အခမဲ့ဖြန့်​ဝေ​ပေးခြင်းနှင့် ကိုဗစ်-၁၉ အသိပညာ​ပေးပိုစတာများ ချိတ်ဆွဲခြင်းကို ယ​နေ့နံနက် ၇ နာရီခွဲ အချိန်က မြို့​ပေါ်ရပ်ကွက်ရှိ လူစည်ကားရာ​နေရာများသို့ သွား​​ရောက်ကွင်းဆင်း​ ဆောင်ရွက်ခဲ့ကြသည်။
ဝမ်းတွင်းမြို့နယ်အတွင်းPositive Centreများမှကျန်းမာရေးကောင်းမွန်လာသူ(၅၄)ဦး ဆေးရုံဆင်းခွင့်ရ
Aug 23,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းPositive Centreများမှဆေးကုသမှုခံယူနေ သူများအနက် ယနေ့နံနက်ပိုင်းတွင် ကျန်မာရေးကောင်းမွန်လာသူ(၅၄)ဦးဆေးရုံးမှ ဆင်းခွင့်ရရှိ ကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိရှိရသည်။