သတင်းများ

တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် - ၁၉ ရောဂါ ကုသရေးလုပ်ငန်းအတွက်စေတနာ့ ဝန်ထမ်းအဖြစ်သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေး ဝန်ထမ်းများအားချီးမြှင့် ထောက်ပံ့ငွေပေးအပ်
Aug 23,2021
တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် - ၁၉ ရောဂါ ကုသရေးလုပ်ငန်းအတွက် စေတနာ့ ဝန်ထမ်းအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာ​ရေးဝန်ထမ်းများအား ချီးမြှင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲက ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး(ကျိုင်းတုံ)၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပြုလုပ်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသ‌ရေး လုပ်ငန်းများတွင် ဆောင်ရွက်နေသူများနှင့်တွေ့ဆုံပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 23,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်း ပြည့်ဆောင်ရွက်နိုင်ရေးတို့အတွက်  သြဂုတ် ၂၂ ရက်တွင် ပူတာအိုသို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ပြီး မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် တွေ့ဆုံပွဲ ကျင်းပသည်။
ဟိုပန်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 23,2021
 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်၉နာရီခွဲ အချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း  စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မင်းပြားမြို့နယ် ခြိတောင်ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီနိုင်ရန်အတွက် ကျန်းမာရေး အသိပညာပေးလက်လမ်းစာစောင်နှင့် Mask Campaign ပြုလုပ်
Aug 23,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ယခုလက်ရှိဖြစ်ပွားနေသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် ကူးစက်မှု မရှိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ပေးခြင်းကို ယမန်နေ့က မင်းပြားမြို့နယ် ၊ ခြိတ်တောင်ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
မြင်းမူမြို့နယ်တွင် ဝါမျိုးစုံ(၉၂၈၁)ဧကစိုက်ပျိုးပြီးစီး
Aug 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ်စိုက်ပျိုးရာသီ အတွင်း ဝါမျိုးစုံ(၁၉၅၂၀) ဧကစိုက်ပျိုးရန်လျှာထားဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှသိရှိရသည်။
Mask Campaign နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ
Aug 23,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၂၀) ရပ်ကွက်၊ အနော်ရထာ လမ်းမကြီးဘေး အမှတ်(၂၀)စျေးတွင် စျေးရောင်းသူ/ဝယ်သူများကို ယနေ့နံနက်(၈)နာရီအချိန်က လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူး ဦးဇင်မင်းအောင်နှင့် ကြက်ခြေ နီသူနာပြုတပ်ဖွဲ့ဝင်များက စျေးဆိုင်များ၊ စျေးဝယ်သူများအား Mask Campaign ကိုပြုလုပ် ဆောင်ရွက် ပေးခဲ့သည်။
ကျိုက်မရော၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး
Aug 23,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်စားအငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်၈နာရီမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိသည်။
ယင်းမာပင်မြို့နယ်အတွင်း  လူဦးရေ (၆၇၀၀) ဦးအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီး
Aug 23,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး မထိုးနှံရသေးသည့် အသက် (၆၅)နှစ် အထက်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများ၊ ပြည်သူများအား စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း ကို ဩဂုတ်လ (၁၈) ရက်နေ့မှ (၂၂) ရက်နေ့အထိ ထိုးနှံပေးလျက်ရှိရာ လူဦးရေ(၂၀၀၀)ဦး ထိုးနှံပြီးစီးကြောင်း သိရသည်။