သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း Mask အခုရေ (၅)သန်း အခမဲ့ ဖြန့်ဝေသွားမည်
Aug 24,2021
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း Mask အခုရေ (၅)သန်းအား ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ‌ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်း ဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် - ၁၉ ရောဂါ ကုသရေးလုပ်ငန်းအတွက် စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်
Aug 24,2021
တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် - ၁၉ ရောဂါ ကုသရေးလုပ်ငန်းအတွက် စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာ​ရေးဝန်ထမ်းများအား ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲက ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး (ကျိုင်းတုံ)၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်တွင် ဆေးထိုးရန် ကျန်ရှိသော အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယသုတ်ထိုးနှံပေးသွားမည်
Aug 24,2021
ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မှုမြန်ဆန်ပြီး သေဆုံးမှုများလည်း မြင့်တက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများအား ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်း မြို့နယ်တွင် ဩဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့အထိ သတ်မှတ်နေရာ ၄ နေရာတွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm ) ကို လူဦးရေ ၄၀၀၀ ဦးအား ထိုးနှံပေးခဲ့ပြီး ယခုအခါ ဒုတိယသုတ်အဖြစ် မနက်ဖြန် နံနက် ၁၀ နာရီ တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးညိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ ထုတ်ပေးလျက်ရှိ
Aug 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် ၇:၀၀ နာရီမှ စတင်၍ နေ့လည် ၂:၀၀ နာရီအထိ အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း   သိရသည်။
ကွန်ဟိန်းမြို့၌ အငြိမ်းစား ဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Aug 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် (၈:၀၀)နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဖောင်းပြင်မြို့တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး "ရေဘေးပညာပေးစာစောင်" များဖြန့်ဝေ
Aug 24,2021
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့တွင် ပြည်သူများရေဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်သတိပြု လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ "ရေဘေးပညာပေးစာစောင်" များကို ယမန်နေ့နံနက်(၈)အချိန်က ဖောင်းပြင်မြို့စည်ပင်သာယာစျေးနှင့်ယာယီပျံကျစျေးတို့၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ရှောင်တခင်စစ်ဆေး
Aug 24,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များအား ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက် စောင်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့များမှ ရှောင်တခင်စစ်ဆေးခဲ့ကြောင်းသိရသည်။