သတင်းများ

တောင်ကြီးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 24,2021
တောင်ကြီးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေး အထောက်အကူပစ္စည်းများအား ချင်းရွေဟော်မြို့မှ မန္တလေးမြို့ စက်မှု(၂) သို့ တင်ပို့ရန် လာရောက်သယ်ဆောင်
Aug 24,2021
ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ပြည်ပမှတင်သွင်းသည့် ကျန်းမာ‌ရေးသုံးပစ္စည်းများအား အများပြည်သူ ရုံးပိတ်ရက်၌ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် လုပ်ငန်းတာဝန်များ ရပ်ဆိုင်းထားခြင်းမရှိဘဲ တာဝန်ရှိ ဌာနဆိုင်ရာများအနေဖြင့်  ရုံးချိန်အတွင်း သက်ဆိုင်ရာတာဝန်ရှိ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေငြာချက်များနှင့်အညီ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်များသို့ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ပေါင်မြို့နယ်တွင် ရေးကြီးရေလျှံမှုဖြစ်ပွားသည့် ကျေးရွာများသို့ ကူညီထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်
Aug 24,2021
သထုံခရိုင်၊ ​ပေါင်မြို့နယ်တွင် သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့် လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာသို့ ယမန်နေ့ညနေ ၄နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းနွင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့် ကူညီရေး ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
လမ်းမတော်မြို့နယ်၌ ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး၊ ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Aug 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော အသက်(၆၅)နှစ်နှင့်အထက် အဘိုး/အဘွားများ ဒေသခံပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်း လမ်းမတော်မြို့နယ်ရှိ အ.လ.က(၁)ကျောင်းတွင် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ဟုမ္မလင်းမြို့တွင် အောက်ဆီဂျင် စက်ရုံတည်ဆောင်နေမှုအား တိုင်းရင်းသားရေးရာဝန်ကြီး ကွင်းဆင်းစစ်ဆေး
Aug 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ သက်ကြီးဘိုး၊ဘွားများနှင့်အခြားသော ရောဂါဝေဒနာရှင် များ အောက်ဆီဂျင်လိုအပ်ချက်မရှိ ကုသဆောင် ရွက်ပေးနိုင်ရေးအတွက် အောက်ဆီ ဂျင်စက်ရုံ တည်ဆောက်နေမှုအား ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က စစ်ကိုင်းတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်း​ဇော်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ကျောက်တန်းမြို့နယ်တွင် အောက်ဆီဂျင်စက်စတင်လည်ပတ်၍ အောက်ဆီဂျင်လိုအပ်လျက်ရှိသော ပြည်သူများသို့ ဖြန့်ဝေပေး
Aug 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းရှိ မိဘပြည်သူများအတွက် အောက်ဆီဂျင် လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန်နှင့် အောက်ဆီဂျင်လိုအပ်မှုကြောင့် အသက်ဆုံးရှုံးမှုများမဖြစ်စေရန်အတွက် ရည်ရွယ်၍ အလှူရှင်မှ လှူဒါန်းသည့် အောက်ဆီဂျင်စက်ရုံအား ဩဂုတ်လ ၂၂ရက်နေ့ ညနေပိုင်းက စတင်လည်ပတ်ကာ အောက်ဆီဂျင်များ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ စိစစ်ရွေးချယ်ရေး အစည်းအဝေးသို့ လူမှုရေးရာဝန်ကြီး တက်ရောက်
Aug 24,2021
မကွေးတိုင်းဒေသကြီးအတွင်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ စိစစ်ရွေးချယ်ရေး အစည်းအဝေးကို တိုင်းဒေသကြီး သာသနာရေးမှူးရုံး၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပရာ မကွေးတိုင်းဒေသကြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။