တောင်ဥက္ကလာပမြို့နယ်တွင် စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေး Mobile Market ဈေးကားများဖြင့် ရောင်းချ
Aug 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့မွန်းလွဲ(၁:၀၀)နာရီအချိန်က ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်များ အလွယ်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက် သန့်ရှင်းလတ်ဆက်သော ဆိတ်သား၊ အမဲသား၊ ဆန်၊ ဆီ၊ ကြက်ဉများစသည့်အခြေခံစားသောက်ကုန်များကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏ အစီအစဉ်ဖြင့် mobile market ဈေးရောင်းကားများဖြင့် အမှတ်(၁၀)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ သုမင်္ဂလာပန်းခြံရှေ့၊ အမှတ်(၁၄)ရပ်ကွက်၊ သံသုမာလမ်း၊ ဥက္ကလာပဘုရားရှေ့တို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။