တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)၌ ပင်စင်ငွေများ ဆက်လက်ထုတ်ပေးလျက်ရှိ
Aug 24,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)တွင် ၂၀၂၁ခုနှစ်၊ ဩဂုတ်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့မှစ၍ ဘဏ်များ ပြန်လည်ဖွင့်လှစ်ကာ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်မှ မွန်းလွှဲ၂နာရီအထိ အငြိမ်းစား(၄၅)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက် ရှိကြောင်း၊ ယမန်နေ့ ကလည်း အငြိမ်းစား(၇၃)ဦး၏ ပင်စင်လစာငွေများကို အေးချမ်းစွာပုံမှန် ထုတ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)မှ သိရှိရသည်။