သတင်းများ

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြိုင်ကလေးဘိလပ်မြေစက်ရုံ တန်(၄၀၀၀)နှင့် တန်(၉၀၀)စက်ရုံများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်း
Aug 24,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဘားအံမြို့ မြိုင်ကလေး အမှတ် (၂) ဘိလပ်မြေစက်ရုံတန် (၄၀၀၀) နှင့် တန် (၉၀၀) ဘိလပ်မြေစက်ရုံများမှ ဝန်ထမ်းများအား ယမန်နေ့မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြသည်။ 
မေတ္တာမြို၌ချို့တဲ့ မိသားစုများအား အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့
Aug 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ချို့တဲ့မိသားစုများအား ယမန်နေ့၊ ညနေ(၃)နာရီ အချိန်က အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 24,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး လုပ်ငန်းများ၌ အသုံးပြုရန်အတွက် ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဟိုပန်မြို့၊ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ပြုလုပ်ရာ တိုင်း/ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အလှူရှင်များ၊ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသောကာလအတွင်း ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါးသူများအား အလှူရှင်များမှ ဆန်များထောက်ပံ့လှူဒါန်း
Aug 24,2021
ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသောကာလအတွင်း ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါးသော မိသားစုများအတွက် စားသောက်ရေးအဆင်ပြေစေရန် ရည်ရွယ်၍ အလှူရှင်များမှ ဆန်များလိုက်လံ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်(၈)နာရီက ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ အိမ်ထောင်စုဝင် များထံသို့ တစ်အိမ်လျှင် ဆန် (၂) ပြည်နှုန်းဖြင့် အလှူရှင်များမှ လိုက်လံလှူဒါန်း လျက်ရှိကြောင်း သိရသည်။
ကျုံပျော်မြို့ သာယာ‌လှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး စုပေါင်းသန့်ရှင်းရေး‌ဆောင်ရွက်
Aug 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ သာယာ‌လှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး စုပေါင်း သန့်ရှင်းရေး‌ဆောင်ရွက်ခြင်းကို အောင်ဆန်းရပ်ကွက်ရှိ လမ်းများ၌ ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦး‌ဆောင်၍၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ အောင်ဆန်း ရပ်ကွက်ရှိ ဦးဖိုးခလမ်းနှင့် ရွှေနံသာလမ်းတို့ရှိ မြက်ပင်များ၊ ချုံနွယ်များ၊ အမှိုက်များကို စုပေါင်းခုတ်ထွင် ရှင်းလင်းကြပြီး၊ ခြင်မပေါက်ဖွားနိုင်ရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်များသိမ်းဆည်းခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦဇေယျမင်း၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်သန်းနှင့် တာဝန်ရှိသူများက သွားရောက်အားပေးကြည့်ရှုပြီး ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Aug 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်းများ၏ပင်စင်လစာငွေများကို ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်၍ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက် ထုတ်ပေး လျက်ရှိကြောင်းသိရသည်။
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းကျေးရွာ ရေဝင်ရောက်သဖြင့် ရေလွတ်ရာသို့ပြောင်းရွေ့
Aug 24,2021
ယခင်ရက်များက ဧရာတီမြစ်အထက်ပိုင်း မိုးရွာသွန်းမှုများကြောင့် မြစ်ရေမြင့်တက်ကာ သပိတ်ကျင်းမြို့နယ် အတွင်းရှိ တွင်းငယ်ကျေးရွာ၌ မြေနိမ့်ပိုင်းရှိ အိမ်ထောင်စုများ ရေဝင်ရောက်မှုကြောင့် သြဂုတ်လ (၂၃)ရက်နေ့တွင် အိမ်ထောင်စု (၅၁)စု အား ရေလွတ်ရာသို့ ပြောင်းရွေ့ပေးထားကြောင်း သိရသည်။
အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်း (၁၆၀၀) ကျော်အား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Aug 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ဝန်ထမ်း (၁၆၀၀) ကျော်အား ပင်စင်လစာငွေများကို ယမန်နေ့က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။