သတင်းများ

သပိတ်ကျင်းမြို့တွင် ၂၀၂၂ - ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 04,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့တွင် ၂၀၂၂-ခုနှစ် ဒီဇင်ဘာအားကစားလ ပထမအပတ် စနေနေ့ လူထုစုပေါင်းလမ်းလျှောက်ပွဲအား ဆိပ်ကမ်းရပ်ကွက်လမ်းဆုံတွင်စုရပ်ထားရှိပြီး ယမန်နေ့နံနက်( ၅;၃၀) နာရီမှ စတင်ထွက်ရာ မြို့ဦးတောင်၊ တောင်ခြေအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြကာ ထိုမှတဆင့် မြို့ မအားကစားကွင်းသို့ ရောက်ရှိပြီး ကိုယ်လက်လှုပ်ရှားကြံခိုင်ရေးလေ့ကျင်ခန်း Fitness Dance ပြုလုပ်ခဲ့ကြသည်။
ကျိုက်ထိုမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်
Dec 04,2022
ကျိုက်ထိုမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် ကျိုက်ထိုမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီတွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ငွေရတုခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
Dec 04,2022
ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရမှ ဦးဆောင်၍ ပထမအပတ်အဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၃ ရက် နံနက် ၆ နာရီက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ ပါဝင် ဆင်နွှဲခဲ့ကြသည်။
မြိတ်မြို့ အထက(၃)တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ
Dec 04,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များအား မိသားစုနှင့် ပတ်ဝန်းကျင်တွင် ရှေးဦးပြုစုခြင်း အတတ်ပညာဖြင့် ကူညီဆောင်ရွက်နိုင်စေရန်အတွက် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုခြင်း (အခြေခံ)သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ပညာရတနာခန်းမတွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
ကဝမြို့နယ်တွင် ဒီဇင်ဘာလ ပထမပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲဆောင်ရွက်
Dec 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြည်သူများ ကျန်းမာကြံ့ခိုင် စေရန်ရည်ရွယ်၍ ဒီဇင်ဘာလ ပထမပတ် လူထုလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် (၅:၃၀)နာရီ အချိန်၌ ပြုလုပ်သည်။
မကွေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေး အစည်းအဝေး (၃/၂၀၂၂)သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး တက်ရောက်
Dec 04,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေး အစည်းအဝေး(၃/၂၀၂၂)ကို ယနေ့နံနက် (၉) နာရီအချိန်က တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တက်ရောက်ခဲ့ကြောင်း သိရသည်။
လင်းခေးတွင် ကမ္ဘာ့မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားပြုလုပ်
Dec 04,2022
ယနေ့ကျရောက်သော ကမ္ဘာ့မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့တွင် မြို့နယ်မသန်စွမ်းသူများ အလုပ်အမှု ဆောင်အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာကျန်းမာ ရေးစီမံကိန်းအဖွဲ့(RI)(လင်းခေးအခြေပြု) တို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ မသန်စွမ်းသူ များတွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနားနှင့် မသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက လင်းခေးမြို့ဒက္ခိဏာရုံဟိုနား ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ ပြည်နယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ပုံမှန်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
Dec 04,2022
ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်  ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။