သတင်းများ

ဘားအံမြို့နယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အပတ်စဉ်စနေနေ့တိုင်း ကွင်းဆင်းဆောင်ရွက်
Dec 04,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အပတ်စဉ် စနေနေ့တိုင်း မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယမန်နေ့မွန်းလွဲ (၁) နာရီ အချိန်ခန့်က ကော့ထော်ကျေးရွာအုပ်စု ကော့ထော်ရွာသစ် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
နန်းယွန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ထွက်ခွာ
Dec 04,2022
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာအလုပ်သမားများ စေလွှတ်ရေးလုပ်ငန်းစဉ်အရ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမား အမျိုးသား(၇၀)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် မြေပြင်လူဦးရေ စာရင်း(၆၆/၆)ရှိ စာရင်းအား မြေပြင်တွင် စာရင်းကောက်ယူရေး သင်တန်းဖွင့်ပွဲကျင်းပ
Dec 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် မြေပြင်လူဦးရေစာရင်းနှင့် ပုံစံ(၆၆/၆)ရှိစာရင်းအား မြေပြင်တွင် စာရင်းကောက်ယူ‌ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်၌ ဆင်းရဲနွမ်းပါးသည့် မိသားစုဝင်အချို့အား ဆန်နှင့်ဆီများ ပေးဝေလှူဒါန်း
Dec 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဆင်းရဲနွမ်းပါးသည့် မိသားစုဝင် အချို့အား ဆန်နှင့်ဆီများ ပေးဝေလှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက အမှတ်(၄)ရပ်ကွက်၊ ၉ ဖြတ်လမ်းနှင့် မက္ကဆွဲလမ်းဒေါင့်ရှိ ရေကြည်တော်လူမှုကူညီရေး အသင်းရုံးတွင် ပြုလုပ်ခဲ့သည်။
ပဲခူးမြို့တွင် (၈၂)ကြိမ်မြောက် ဝိနယတံခွန်ပရိယတ္တိ အခြေပြု ရေးဖြေစာမေးပွဲ ကျင်းပ
Dec 04,2022
ဝိနယတံခွန်ပရိယတ္တိ ပူဇာနုဂ္ဂဟအသင်းကြီးမှ ကြီးမှူးကျင်းပသော (၈၂)ကြိမ်မြောက် ဝိနယတံခွန်ပရိယတ္တိအခြေပြု ရေးဖြေစာမေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။
မြန်အောင်၌ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ ကျင်းပ
Dec 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (ပထမပတ်) လူထုလမ်းလျှောက်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၅)နာရီအချိန်က မြန်အောင်မြို့ ပြည်သူ့ရင်ပြင်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့တွင် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (ပထမပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်(၅)နာရီအချိန်က ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စုရပ်သတ်မှတ်ဆင်နွှဲကျင်းပခဲ့သည်။