သာကေတမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ စတင်ကျင်းပ
Dec 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ဒီဇင်ဘာအားကစားလအတွင်း ပြည်သူများကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်လက်အပန်းဖြေစေရန် ရည်ရွယ်၍ လူထုလမ်းလျှောက်ပွဲအား စတင်ကျင်းပခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်(၄:၃၀)အချိန်၌၊ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးကျော်ခိုင်၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်မှူးများပါဝင်သော အင်အား(၆၀၀)မှ လူထုလမ်းလျှောက်ပွဲအား ပါဝင်ဆင်နွဲခဲ့ကြသည်။