သတင်းများ

မုဒုံမြို့၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး
Dec 05,2022
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သာယာကုန်းကျေးရွာတွင် လုပ်ငန်းဆောင်ရွက်နေမှုများအား နိုဝင်ဘာ နောက်ဆုံးအပတ်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
နတ်တလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
Dec 05,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စကားပုံဆက်ပြိုင်ပွဲကိုယနေ့ နံနက်(၁၀)နာရီကကျင်းပခဲ့ရာ နတ်တလင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းမာ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝေဖူးငုံမြင့်နှင့်အဖွဲ့ တက်ရောက်ခဲ့ကြောင်းသိရသည်။
ငရုတ်ကောင်းမြို့ရှိ ပြည်သူများအနေဖြင့် စွန့်ပစ်အမှိုက်များအား စနစ်တကျ စွန့်ပစ်ရေးအတွက် ကားဂိတ်၊ လူစည်ကားရာနေရာများနှင့် လမ်းဆုံနေရာများတွင် ဗီနိုင်းပိုစတာများ စိုက်ထူခြင်းဆောင်ရွက်
Dec 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ရှိ ပြည်သူများအနေဖြင့် စွန့်ပစ်အမှိုက်များအား သတ်မှတ်ထားသည့် နေရာများတွင် စနစ်တကျ စွန့်ပစ်ရေး အသိပေး ဗီနိုင်းပိုစတာများကို ကားဂိတ်၊ လူစည်ကားရာနေရာများနှင့် လမ်းဆုံနေရာများတွင် လိုက်လံစိုက်ထူခြင်းကို ယမန်နေ့ညနေပိုင်းက မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦးနှင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဦးဖြိုးမင်းနောင်တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
မောက်မယ်မြို့နယ်၌ မွေးစမှအသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများဆောင်ရွက်
Dec 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မွေးစမှအသက်(၂)နှစ် အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း/ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို မြို့ပေါ်ရှိရပ်ကွက်များမှ ယနေ့နံနက်(၉)နာရီမှစ၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်စေရေးအတွက် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ကျင်းပ
Dec 05,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး နည်းပညာကျွမ်းကျင်မှု အရည်အသွေးမြင့်မား လာစေရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်းများကို ဖွင့်လှစ်ပေးရာ ယမန်နေ့တွင် ကွန်ပျူတာသင်တန်း အမှတ်စဉ်(၃)သင်တန်း‌ဆင်းပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ (Community Centre) ၌ နေလယ် ၂ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များ နှင့်အညီ ကျင်းပသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အလွတ်တန်း) မြန်မာ့သိုင်းပြိုင်ပွဲဆက်လက်ကျင်းပ
Dec 05,2022
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အလွတ်တန်း) မြန်မာ့သိုင်းပြိုင်ပွဲ (စတုတ္ထနေ့)ကို ယမန်နေ့နံနက် (၉:၃၀)အချိန်က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ ပဒေသာ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
စကုမြို့ သာသနတက္ကသီလဓမ္မာစရိယ အရှင်ကုမာရ၏ ဂုဏပူဇာမင်္ဂလာ အခမ်းအနားကျင်းပ
Dec 05,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့ သာသနတက္ကသီလ ဓမ္မာစရိယ အရှင်ကုမာရ B.A (Bugghism) ၏ ဂုဏပူဇာ မင်္ဂလာအခမ်းအနားကို စကုမြို့ ရွှေပန်းရုံကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။