သတင်းများ

ပေါင်းတည်မြို့နယ်တွင် လူစည်ကားရာ ဘူတာရုံ၌ ပါးစပ်နှာခေါင်းစည်းများအခမဲ့ ဝေငှ
Dec 05,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် လူစည်ကားရာအရပ်ဖြစ်သော ဘူတာရုံ၌ ယနေ့ နံနက်ပိုင်းက မြန်မာ့မီးရထား ဘူတာရုံဝန်ထမ်းများက ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဝေငှခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၌ ​ရှေးဦးပြုစုနည်း (အ​ခြေခံ) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Dec 05,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ကလေးဝတောရဘုန်းတော်ကြီးကျောင်းခန်းမ၌ ယမန်​နေ့နံနက်ပိုင်းက ရှေးဦးပြုစုနည်း (အ​ခြေခံ)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့​သည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Dec 05,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် စားသုံးဆီဖူလုံရေး နေကြာစုပေါင်းကွင်းပိတ် စိုက်ပျိုးပွဲကျင်းပ
Dec 05,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ စားသုံးဆီဖူလုံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံ (နေကြာ)စုပေါင်း စိုက်ပျိုးပွဲကို ချားလျားကုန်းကျေးရွာအုပ်စု၊ ချားလျားကုန်းရွာအပိုင်၊ ကွင်းအမှတ် ၉၇၄၊ လယ်ပိုင်ရှင် ဦးအောင်ဇော်ဦး၏ လယ်မြေပေါ်တွင် ယနေ့ နံနက် ၈:၃၀ အချိန်က ကျင်းပပြုလုပ် ခဲ့သည်။
လောင်းလုံးမြို့တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက် ၉ နာရီအချိန်က မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
မသန်စွမ်းသူများအား မသန်စွမ်းမှတ်ပုံတင်နှင့် ထောက်ပံ့ငွေများပေးအပ်
Dec 05,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီတို့ကြီးမှူး၍ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို အားလုံးပါဝင် ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင်အဖြေရှာစို့။ အားလုံးလက်လှမ်းမီညီမျှရေး၊ တီထွင်ဖန်တီးမှုစွမ်းအားဖြင့် ဆောင်ရွက်ပေးဆောင်ပုဒ်ဖြင့် ဒီဇင်ဘာလ ၃ ရက် နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။
သံတွဲမြို့ အောင်သုခဆရာတော်ဘုရားကြီး၏ လွမ်းစေတီဌာပနာပိတ်ပွဲနှင့် ရွှေထီးတော်တင်မင်္ဂလာဗုဒ္ဓဘိသေကအနေကဇာတင် အောင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Dec 05,2022
သံတွဲမြို့ အောင်သုခဆရာတော်ဘုရားကြီး၏ လွမ်းစေတီဌာပနာပိတ်ပွဲနှင့် ရွှေထီးတော်တင် မင်္ဂလာဗုဒ္ဓဘိသေကအနေကဇာတင် အောင်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက သံတွဲမြို့ အောင်သုခဓမ္မရိပ်သာခွဲ၊ အောင်မြေသာစည်တရားစခန်းဓမ္မာရုံအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
သာစည်မြို့နယ် အင်းကုန်းကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေး
Dec 05,2022
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကာကွယ်ဆေးလွှမ်းခြုံနိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်က အင်းကုန်းကျေးရွာဓမ္မာရုံ၌ စုရပ်ထားကာ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။