အုတ်တွင်းမြို့နယ်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်
Dec 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ မောင်းနှင်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ယာဉ်စည်းကမ်းလမ်း စည်းကမ်းဆိုင်ရာအသိပညာပေးခြင်းကို အုတ်တွင်း-ပြည်-ပေါက်ခေါင်းသွားလမ်း ဆုံနေရာတွင် ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။