သတင်းများ

ကျား၊ မအခြေပြု အကြမ်းဖက်မှု အသိပညာပေး Talk Show ကျင်းပ
Dec 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျား၊ မအခြေပြု အကြမ်းဖက်မှု အသိပညာပေးTalk Show  ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
လဲချားမြို့နယ် (Community Centre)ခန်းမတွင် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Dec 05,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပခဲ့ပါသည်။
ခိုလမ်မြို့၊ ဟိုင်းလိုက်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းဆောင်ရွက်
Dec 05,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ရွှေကျင်မြို့တွင် ပဉ္စနိကာယဏ္ဏဝပိဋကတ္တယ ပါရဂူဘွဲ့ရ ဆရာတော်အား ကြိုဆိုပူဇော်ပွဲ စည်ကားစွာကျင်းပ
Dec 05,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာ စိန်ရောင်ခြည်ကျောင်းတိုက် ဆရာတော် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်(၁၁)ဘွဲ့ရ ဘဒ္ဒန္တပညာသာရဘိဝံသမှ ပဉ္စနိကာယဏ္ဏဝပိဋကတ္တယပါရဂူဘွဲ့ ထပ်မံရရှိခဲ့သည့်အတွက် ယနေ့ နံနက် ၉ နာရီ အချိန်မှစ၍ ရွှေကျင်မြို့မှ ကြိုဆိုပြီး မြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူ‌ဇော်ခဲ့ကြောင်း သိရသည်။
ငါ့သရောက်မြို့နယ် ပင်ပြန့်မြေပဲဖော်ချိန် မြေပဲအထွက်နှုန်းကောင်းကာ တောင်သူများမြေပဲရကြ
Dec 05,2022
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ငါ့သရောက်မြို့မြေပဲစိုက်တောင်သူများပင်ပြန့်မြေပဲဖော်ချိန် ဥဥနှုန်းကောင်းသောကြောင့် မြေပဲစိုက်တောင်သူများမြေပဲရကြကာ ပင်ပြန်မြေပဲစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း ကုလားတဲကျေးရွာ ပင်ပြန့်မြေပဲစိုက်ပျိုးတောင်သူ ဦးသန်းထိုက်ထံကသိရသည်။
နောင်ချိုမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Dec 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ငူ၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း
Dec 05,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကို လက်လှမ်းမီစွာ ဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှု လေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ရွေ့လျား‌စာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များကို ပြည်သူများ လက်ဝယ်အရောက် သွားရောက်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံး၊ ခရိုင်အိုးအိမ်ဦးစီးဌာနနှင့် အထက (၁) သို့ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သံမိုးတောင်-ပိန်းသီလာ လမ်းပိုင်းများအား ရေလွှာပိတ်နိမ့်မြင့်ညှိ   ကတ္တရာခင်းခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍ အသုံးပြုမှု ပိုမိုအဆင်ပြေ
Dec 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ လမ်းဦးစီးဌာနသည် လမ်းများကာလ ကြာရှည်စွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ သံမိုးတောင်-ပိန်းသီလာလမ်းပိုင်းရှိ လိုအပ်သောနေရာများတွင် ရေလွှာပိတ် နိမ့်မြင့် ညှိကတ္တရာခင်းခြင်းလုပ်ငန်း (၂) မိုင် (၄) ဖာလုံကို ဆောင်ရွက် ပြီးစီးပြီဖြစ်၍ ဒေသခံပြည်သူများ၊ မော်တော်ယာဉ်များ သွားလာသယ်ယူပို့ဆောင်မှု ယခင်ကထက် ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရသည်။