သတင်းများ

မိုင်းကိုင်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင်ကတ်ပြား‌များ ပေးအပ်ပွဲကျင်းပ
Dec 05,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင်ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦစီးအရာရှိ ဦးထွန်းလှကျော်နှင့်ဝန်ထမ်းများ၊ ဟိုခဲကျေးရွာနှင့် နောင်စံဖူးကျေးရွာမှ ကျေးလက်နေပြည်သူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ တက်ရောက်ခဲ့ ကြသည်။
ဖားကန့်မြို့သီရိမင်္ဂလာ မဏိဇေယျူံကျောင်းတိုက်တွင် (၂၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာနုဂ္ဂဟ စာမေးပွဲ ကျင်းပ
Dec 05,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် သီရိမင်္ဂလာ မဏိဇေယျုံ ကျောင်းတိုက်တွင် (၂၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာနုဂ္ဂဟ စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ အရန်မီးသတ် လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က အရန်းမီးသတ် လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအတွက် စာဖတ်ရှိန်မြှင့်တင်‌ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Dec 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာဗဟုသုတ ကြွယ်ဝစေ​ရန်၊ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှု့လေ့လာမှု ပိုမိုတိုးပွားစေရန်နှင့် စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်၍ ပြင်ပဗဟုသုတများရရှိနိုင်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး ယနေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်းကာစာအုပ်စာစောင်များအား (အခမဲ့) ငှားရမ်းပေးခဲ့သည်။
ငပုတောမြို့၌ Gasi Fire အသုံးပြု လည်ပတ်သော ဆန်စက်များအား ​ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြည့်ရှုစစ်ဆေး
Dec 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့တွင် မှတ်ပုံတင်ထားသော ဆန်စက်များအနက် Gasi Fire အသုံးပြုလည်ပတ်လျက်ရှိသော မြောက်ပိုင်းရပ်ကွက်၊ ယုဇနလမ်းရှိ အင်ဂျင်စွမ်းအား Honi Ef.750၊ လျှပ်စစ်စွမ်းအား Kilo 50၊ ရတနာဌေး ဆန်စက်အား ယနေ့ နံနက် (၉)နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြသည် ။
ရွှေသာယာမြို့မစျေးအတွင်း မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် မီးငြိမ်းသတ်ရေးသုံး ပစ္စည်းများ ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
Dec 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ရွှေသာယာမြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် မီးငြိမ်းသတ်ရေးသုံး ပစ္စည်းများ ပြင်ဆင်ထားရှိမှုအား ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ အဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မြောင်မြို့ ပြန်/ဆက် ရုံးဌာနတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး Talk Show ဆောင်ရွက်
Dec 05,2022
မြောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စစ်ကိုင်းခရိုင် ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိ ပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို မြောင်မြို့ လူထုအခြေပြု ဗဟိုဌာနတွင် ယနေ့နံနက်က ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ ဒေသဖွံ့ဖြိုးရေး တွေ့ဆုံပွဲကျင်းပ
Dec 05,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအရ တာဝန်ရှိသူများက ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အသိပညာပေး ဟောပြောခြင်းနှင့် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စု ကံ့ကော်မြိုင်ကျေးရွာရှိ သာသနာ့ပါလ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။