သတင်းများ

သရက်ချောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ပထမအကြိမ်ရန်ပုံငွေ ထုတ်ချေးခြင်း အခမ်းအနားကျင်းပ
Dec 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂–၂၀၂၃ခု ဘဏ္ဍာနှစ် တွင်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) ပထမအကြိမ်ရန်ပုံငွေ ထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့နယ်၊ မင်းဒပ်အုပ်စု၊ မင်းဒပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် ရေလုပ်သားများ ငါးကြီးဖမ်းရာသီ၌ မိသားစုဝင်ငွေရရှိရေးဆောင်ရွက်
Dec 05,2022
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်မှ ရေလုပ်သားများသည် ငါးကြီးဖမ်းရာသီ၌ မိသားစုဝင်ငွေရှိရေးအတွက် ဧရာဝတီမြစ်အတွင်း ငါးဖမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်လှစ်
Dec 05,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်  တနင်္သာရီမြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး အစည်းအဝေး ခန်းမအတွင်း ယနေ့နံနက်၁၀နာရီခွဲအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အခြေခံကွန်ပျူတာသင်တန်း(၃/၂၀၂၂)ဆင်းပွဲ အခမ်းအနား ကျင်းပ
Dec 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre၊ သင်တန်းခန်းမ တွင် ယနေ့ နံနက် (၁၀)နာရီအချိန်က အခြေခံကွန်ပျူ တာသင်တန်း(၃/၂၀၂၂)ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးပေး
Dec 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့ နံနက် ၈ နာရီမှ စတင်ကာ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၌ ထိုးနှံဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ 
ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းဆောင်ရွက်
Dec 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်  ၉ နာရီခွဲအချိန်က ပလောက်နယ်မြေ မီးသတ်စခန်းသို့  သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ကျေးရွာများအား စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ကွင်းဆင်း ဆောင်ရွက်
Dec 05,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာများသို့စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက လက်ပံကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပလောက်မြို့တွင် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်
Dec 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကိုယနေ့နံနက် (၉)နာရီအချိန်က ပလောက်မြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။