သတင်းများ

ဘူးသီးတောင်မြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Dec 05,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ယနေ့နံနက် ၉ နာရီအချိန်ကမြို့နယ်အဆင့်ဌာန ဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ
Dec 05,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့ သီလဝခန်းမ၌ (၂၀၂၂) ခုနှစ် ကမ္ဘာ့ခုခံးအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
မူဆယ်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃) အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းသူများအား  အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
စုကလိမြို့တွင် ယာဥ်မောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များအကြောင်း အသိပညာပေး Talk Show ပြုလုပ်
Dec 05,2022
ကရင်ပြည်နယ်မြဝတီ၊ခရိုင်စုကလိမြို့တွင် ယာဥ်မောင်းသူများအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များအကြောင်း အသိပညာပေး Talk Show အား ယနေ့နံနက် ၁၀ နာရီက စုကလိမြို့နေပြည်သူများယာဥ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်းတတ်စေရန်နှင့် စည်းကမ်းနှင့်မောင်းနှင်ပါမှ ဘေးအန္တရာယ်ကင်း စိတ်ချမှုရှိစေရန်နှင့် အသိပညာရရှိစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးခဲ့သည်။
ကလိန်အောင်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီး‌ဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကွင်းဆင်းအသိပညာပေး
Dec 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့က ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့မဈေးအရှေ့နှင့် မြို့အဝင်ဆိပ်ကမ်းတို့၌ ကွင်းဆင်းအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဟိုပန်၌ (၁/၂၀၂၂) အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်
Dec 05,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ် အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်စွမ်းရည်နှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ထက်မြက်ကြစေရန် ရည်ရွယ်၍ (၁/၂၀၂၂) အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်မီးသတ်ဉီးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာစည်မြို့နယ်ပေါက်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအဆင့်တိုးဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 05,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပေါက်တောကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်း ကျောင်းအဖြစ် အဆင့်တိုး ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။