အမျိုးသမီးများ အကြမ်းဖက်မှုမှကင်းဝေးစေရန်အတွက် (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် Gender Based Violence (GBV) အသိပညာပေးအခမ်းအနား ကျင်းပ
Dec 06,2022
နေပြည်တော်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများအကြမ်းဖက်မှုမှ ကင်းဝေးစေရန်အတွက် (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် Gender Based Violence (GBV) အသိပညာပေးအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်ကလေးပြုစုရေးဌာနခန်းမ၌ ကျင်းပရာ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၏ ဇနီးဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၏ ဇနီးများ၊ နေပြည်တော်အမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော် အမျိုးသမီးကော်မတီအတွင်းရေးမှူး နေပြည်တော်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်၊ ခရိုင်အမျိုးသမီးကော်မတီဝင်များ၊ မန္တလာရောင်စဉ်အသင်းမှ စာရေးဆရာမ ဒေါ်သက်သက်နွယ်၊ နေပြည်တော်တရားမျှတမှုစင်တာမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။