သတင်းများ

ရွှေကျင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 06,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပွဲကုန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ကျင်းပခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြိုနယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Dec 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဟဲလုံးကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ပေါင်းလင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် မြို့အဆင့်၊ မြို့အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲများ ကျင်းပ
Dec 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင်၊ မြို့အဆင့် မြို့အုပ်ချုပ်ရေးမှူး ဖလားဘောလုံးပြိုင်ပွဲများကို ဘောလုံးအသင်း (၈)သင်းဖြင့် ပတ်လည်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ရာ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာ ဘောလုံးအားကစားကွင်းတွင် ဖွင့်ပွဲပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ပြုလုပ်
Dec 06,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လာနေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်မှ မြို့နယ်အဆင့်ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခုတ်မြို့အတွင်းရှိ ကျေးရွာများအရောက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
Dec 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဝမ်ကတ်ကျေးရွာနှင့် ဝမ်လောက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲအားကြည့်ရှုအားပေး
Dec 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌  အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲအား ဒီဇင်ဘာလ ၄ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ထိန်းသူ မိဘများနှင့်အတူ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲအား  ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့တွင် ကလေးငယ်များအား အာဟာရဖြည့် အစားအစာများ တိုက်ကျွေးခြင်း ဆောင်ရွက်
Dec 06,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကလေးငယ်များအား အာဟာရဖြည့် အစားအစာတိုက်ကျွေးခြင်း လုပ်ငန်းကို ယမန်နေ့နံနက် ၁၁နာရီခွဲအချိန်က အဆိုပါနေရာ ကျောင်းများ၌ တိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။
ဆွမ်ပရာဘွမ်မြို့၌(၁)နှစ်အောက်ကလေးငယ်များအားကျန်းမာရေးစစ်ဆေးခြင်းနှင့်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းဆောင်ရွက်
Dec 06,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် (၁)နှစ်အောက် ကလေးငယ်များအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့နံနက် ၁၀နာရီက ဆွမ်ပရဘွမ်မြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။