သတင်းများ

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားပွဲတော်နှင့်အတူ တစ်ဆက်တည်း ဖွင့်လှစ်သွားမည်
Dec 07,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက် တော်ဘုရားပွဲတော်နှင့်အတူ တစ်ဆက်တည်း ဖွင့်လှစ်သွားမည်ကြောင်း မင်းဘူးသစ်ထုတ်ရေးဒေသတာဝန်ခံ ခရိုင်မန်နေဂျာ ဦးဇော်ဝင်းနိုင်ထံမှ သိရသည်။
လှည်းကူးမြို့နယ်တွင် Mobile  Library စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက်စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Dec 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သောစာ ဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ ငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသောစာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လှည်းကူးမြို့နယ် စီမံကိန်းဦးစီးဌာနနှင့် မြို့နယ်စာရင်းစစ်ရုံးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ဆောင်းသီးနှံကြက်သွန်ဖြူများ စိုက်ပျိုး
Dec 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားခါးကျေးရွာနေ ဦးစောလုံ၏ ယာခင်းအတွင်း၌ ဆောင်းသီးနှံကြက်သွန်ဖြူများကို ယနေ့နံနက် ၈ နာရီက စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 07,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် (၁:၃၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 
မိုင်းယောင်း၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Dec 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက “ပြည်သူများကျန်းမာရေးအတွက် လူထုလှုပ်ရှားအားကစား”ခေါင်းစဉ်ဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ (Community Centre) ခန်းမ၌ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပြီး နံရံကပ်စာစောင်များပြသ
Dec 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာ​ပေးဟောပြောခြင်းကို ယနေ့မွန်းလွဲ ၂  နာရီခက လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ဂွမြို့နယ်တွင် Booster Dose ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ကာလအတွင်း ထိုးနှံနိုင်ရေး အစည်းအဝေးကျင်းပ
Dec 07,2022
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး Booster Dose ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ကာလအတွင်း အချိန်မီ ထိုးနှံနိုင်ရေး လမ်းညွှန်မှာကြားမှုအပေါ် ထပ်ဆင့် ဆောင်ရွက်သွားနိုင်ရေးအတွက်  မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကျင်းပ
Dec 07,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ပါသည်။