သတင်းများ

ရေဖြူမြို့နယ်တွင် ကျောင်းသူကျောင်းသားများ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အ-ထ-က ရေဖြူ၌ အသိပညာပေးဟောပြောပွဲပြုလုပ်
Dec 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အ-ထ-က ရေဖြူကျောင်းတွင် ကျောင်းသူ၊ကျောင်းသားလူငယ်များ လူကုန်ကူးမှုမှတားဆီးကာကွယ်ရေးအတွက် ရေဖြူမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးကော်မတီက ယမန်နေ့နံနက်(၁၀)နာရီတွင် အ-ထ-ကရေဖြူကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။
တာလေမြို့၌ လမ်းအဆင့်မြှင့်ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Dec 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၄)ရပ်ကွက်(၄/၈)လမ်း၊ လွန်းကျိုင်းရွာ အဝင်လမ်းနှင့် တော်ကော့-မအန်ခန်- ဖွေးဟိုင်းကျေးရွာချင်းဆက်လမ်းများ လမ်းအဆင့်မြှင့်တင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် အကြိမ်(၅၀)ပြည့် ရွှေရတုအဖြစ် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးနိုင်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်
Dec 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခဲ့ရာ (၄၉) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
လင်းခေးတွင် (၂၁၁၇ခုနှစ်) ရှမ်းနှစ်သစ်ကူးပွဲတော်၊ ကောက်ဦးအလှူပွဲနှင့် (၂၀၂၁-၂၀၂၂)ဓမ္မစကူးလ်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Dec 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ ၂၁၁၇ခုနှစ် ရှမ်းနှစ်သစ် ကူးပွဲတော်၊ ကောက်ဦးအလှူပွဲနှင့် ၂၀၂၁-၂၀၂၂ ဓမ္မစကူးလ်သင်တန်းအောင်လက်မှတ်နှင့် ဆုချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ၅နာရီက လင်းခေးမြို့၊ မဟာဝိဟာ ရပရိယတ္တိစာသင်တိုက်၊ ကျောင်းကြီးကျောင်း ပုရိဝုဏ်အတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
ကင်းပွန်ချောင်းလူကူးတံတားအား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်နိုင်ရေး မြေစမ်းသပ်
Dec 07,2022
လေးမျက်နှာမြို့နယ် ကြီးပေါက်ကုန်းကျေးရွာအုပ်စု ကင်းမွန်ချောင်းလူကူးတံတားကို သံကူကွန်ကရစ် နှစ်လမ်းသွားတံတားအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
သီပေါမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းများဆောင်ရွက်
Dec 07,2022
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြ သည်။
တနိုင်းမြို့နယ် Community Centre တွင် ကာယဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Dec 07,2022
ကချင်ပြည်နယ်၊တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မူလတန်းအဆင့် ကျောင်းသား/သူများအား ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွှဲ ၁၂ နာရီခွဲက ကျင်းပခဲ့သည်။
ပုံပါကျင်မြို့ ကလေးစာဖတ်ခန်း၌ အရုပ်နှင့်စာတွဲနည်းပြိုင်ပွဲကျင်းပ
Dec 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ပုံဖော်ဖန်တီးမှုစွမ်းရည်နှင့် မှတ်သားမှုစွမ်းရည်တိုးတက်လာစေရန်၊ ပြိုင်ပွဲများပါဝင်ယှဉ်ပြိုင်ရဲသည့် အလေ့အကျင့်များရရှိလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးလာစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ (၆) ရက်နေ့ ညနေပိုင်းက အရုပ်နှင့်စာတွဲနည်းပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။