သတင်းများ

ပုံပါကျင်မြို့ တာကွမ်‌ကျေးရွာ၊ အ.မ.က ဟိုရွက် အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်
Dec 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေနှင့်‌ ကျောင်းသား/ကျောင်းသူများ စာပေဖတ်ရှု့သည့် အလေ့အကျင့်များရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက နယ်လှည့် စာကြည့်တိုက်လုပ်ငန်း၊‌ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၊ ကံမော်ကြီးကျေးရွာတွင် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေး လုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကျင်းပ
Dec 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ကံမော်ကြီး ‌ကျေးရွာတွင်  မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေး‌ဝေရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို ယမန် နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုးညှင်းမြို့၌ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်အား မိတ်ဆက်ရှင်းလင်း
Dec 07,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်း အစီအစဉ်အား ခရိုင်လူကုန်းကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များသို့ မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သာယာဝတီမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၃၄၂၀၀ ဧက စိုက်ပျိုးပြီးစီး
Dec 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၁၆၈၀၈ ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
ကော့သောင်းမြို့နယ် ကြက်ခြေနီအသင်း၏ ရှေ့ဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၂)ဖွင့်လှစ်
Dec 07,2022
ကော့သောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ဖွင့်လှစ်ပို့ချမည့် ရှေ့ဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ်(၄/၂၀၂၂)ကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အထကခွဲ၊ အလက(၁)ကျောင်းတွင် ကျင်းပြုလုပ်သည်။
စစ်ကိုင်းမြို့၊ ချင်းစု အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောဆွေးနွေး
Dec 07,2022
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ချင်းစုအခြေခံပညာအလယ် တန်းကျောင်းခွဲတို့ ပူးပေါင်း၍ ဒီဇင်ဘာ(၆)ရက်၊ မွန်းလွဲပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောဆွေးနွေပွဲကို အဆိုပါကျောင်းတွင် ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
စာဖတ်စာငှားမိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့စနစ် တကျငှားရမ်းပေး
Dec 07,2022
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေး၊ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့်စာအုပ်စာ‌စောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။
သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လှူဒါန်းသောစက်ဘီးများအား ကျောင်းသား/သူများသို့ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Dec 07,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လှူဒါန်းသော စက်ဘီးများအား ကျောင်းသား/သူများသို့ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို  ယနေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။