သတင်းများ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသတွင်းလူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး လမ်းတိုးချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Dec 07,2022
ဒေသထွက်ကုန်များ တင်ပို့ရောင်းချရန်နှင့် တိုင်းရင်းသားပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် တာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့် က ဘားအံမြို့နယ်အတွင်းရှိ လမ်းပိုင်းများ တိုးချဲ့အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်ကိုင်းမြို့၊ ချင်းစု အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောဆွေးနွေး
Dec 07,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ချင်းစုအခြေခံပညာ အလယ်တန်း ကျောင်းခွဲတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောဆွေးနွေပွဲကို အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ အလွတ်တန်း စစ်တုရင်ပြိုင်ပွဲ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ
Dec 07,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်​ဆံရေး ဦးစီးဌာနနှင့်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အလွတ်တန်း စစ်တုရင်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပကြောင်း သိရသည်။
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး
Dec 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာ ရုံး များသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး သို့ သွားရောက်ငှားရမ်း ပေးခဲ့ကြောင်းသိရသည်။
ကျောက်တံတားမြို့နယ်၌ ဒေသဖွံဖြိုးတိုးတက်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Dec 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ဒေသဖွံဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ် အ.ထ.က(ခွဲ)-ငခူရှည် ကျောင်း၌ မြို့နယ်ကြက်ခြေနီအဖွဲ့မှ အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Dec 07,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် အ.ထ.က(ခွဲ)-ငခူရှည်ကျောင်း၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပေါက်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့ ညနေပိုင်းက အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပန်းတနော်မြို့နယ်ရှိ မြေသြဇာအရောင်းဆိုင်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ ရောင်းချခြင်းရှိ/ မရှိ လိုက်လံစစ်ဆေး
Dec 07,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်ရှိ မြေသြဇာအရောင်းဆိုင်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသော မြေသြဇာများ ရောင်းချခြင်းရှိ/ မရှိစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စားသုံးသူရေးရာ ဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး ခဲ့သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပိုက်ပြင်ပိုက်ဆက်သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တက်ရောက်အားပေး
Dec 07,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းကော်မတီ၊ပြည်နယ် အဆင့်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးဆပ်ကော်မတီနှင့် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ပိုက်ပြင်ပိုက်ဆက်သင်တန်း (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်း၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့ တက်ရောက်အားပေးခဲ့ကြသည်။