သတင်းများ

ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန်အတွက်  စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်ကွင်းဆင်း၍ ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး
Dec 07,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့ဝင်များ ပူးပေါင်းပါဝင်သည့်စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်ကွင်းဆင်း ၍ ဒေသခံပြည်သူများအား တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက လက်ပံပျားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြု လုပ်ခဲ့ကြောင်းသိရသည်။
မိုင်းယောင်း၌ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကြီးကြပ်မှုကော်မတီအစည်းအဝေးကျင်းပ
Dec 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ရိုးရာအားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား  ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ အရှိန်အဟုန်မြှင့်ဆက်လက်ထိုးနှံ
Dec 07,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက်၁၈နှစ် အထက်များအား Myancopharn ကာကွယ်ဆေးများကို ပထမအကြိမ် ထိုးနှံပေးပြီး၊ အသက်၅နှစ်မှ ၁၂နှစ်အထိ ကျောင်းပြင်ပကလေးများအား Pfizer ကာကွယ်ဆေးများကို ယမန်နေ့ နံနက် ၀၉:၀၀ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခေမာသီလမ်း၊ ဝေပုလ္လအိမ်ယာအနီး မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန် မြှင့်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူကုန်ကူးတားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Dec 07,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန် လည်ထူထောင်ရေးဆိုင်ရာ  လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။ 
မန်တုံမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 07,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန မှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ ညနေပိုင်းအချိန်က အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)၊ မြို့မရပ်ကွက်အတွင်းသို့ လှည့်လည်နှိုးဆော်ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်၊ ရွာတော်လေးကျေးရွာရှိ ချမ်းမြေ့သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Dec 07,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ ရွာတော်လေးကျေးရွာရှိ ချမ်းမြေ့သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၈) နာရီက ကျင်းပခဲ့သည်။
စစ်တွေမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချပေး
Dec 07,2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးထွက်ကုန် (ဟင်းသီး ဟင်းရွက်) များနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်၏ စီစဉ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ယနေ့နံနက်ပိုင်းက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ဆွမ်ပရာဘွမ်မြို့တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ပြဌာန်းချက်များအား ရှင်းလင်းခြင်း အခမ်းအနား ကျင်းပ
Dec 07,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ပြဌာန်းချက်များအား ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီက ဆွမ်ပရာဘွမ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။